ငပုတောမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေး၌ ပြုပြင်နေသည့် စက်လှေတစ်စီး ဆီပေပါမှ ဆီများယိုဖိတ်ကာ မီးလောင်နစ်မြုပ်မှုဖြစ်ပွား

0
174

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဂွေးကုန်းကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေးတွင် စက်လှေတစ်စီး ပြုပြင်နေစဉ် ဆီပေပါမှ ဆီများယိုဖိတ်ကာ စက်လှေမီး လောင်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဇွန်လ(၉)ရက်၊ နံနက် (၈)နာရီ (၄၅)မိနစ် အချိန်ခန့်က ဧရာဝတီမြစ်ကမ်းဘေးတွင် စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ငပုတောမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်သည့် စက်လှေမှာ အလျား (၃၀) ပေ၊ အနံ (၂၂) ပေ၊ အမြင့် (၆)ပေရှိပြီး ဆားများတင်ဆောင်လာသည့် စက်လှေဖြစ်ကာ ပြုပြင်နေစဉ် ဆီပေပါမှ ဆီများယိုဖိတ်၍ မီးလောင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ မီးလောင်မှု ဖြစ်ပွားရာ ငပုတောမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ အချိန် (၂)နာရီကျော်ခန့် ငြှိမ်းသတ်ခဲ့ရပြီးနောက် နံနက် (၁၁) နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒ ဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here