နယ်စပ်ဆန်ကုန်သည်များ ရန်ကုန်အထိ ပြန်ဆင်းကာ ပင်လယ်ရေကြောင်းမှ တင်ပို့နေရ

0
163

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ပြန်လည်ဖွင့်လှစ်ခြင်းမရှိသည့်အတွက် ဆန်ကုန်သည်များအနေဖြင့် ရန်ကုန်အထိပြန်ဆင်းကာ ပင်လယ်ရေကြောင်းမှတင်ပို့နေရကြောင်း နယ်စပ်ဆန်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာ-တရုတ်နယ်စပ် ပြန်မဖွင့်နိုင်သေးခြင်းကြောင့် ဆန်ကုန်သည်များအနေဖြင့် လက်လီဈေးကွက်တွင်သာ ရောင်းဝယ်နေရပြီး တရုတ်နိုင်ငံသို့ တင်ပို့မည်ဆိုပါက ရန်ကုန်အထိပြန်ဆင်းကာ ပင်လယ်ရေကြောင်း (Oversea)မှ တင်ပို့နေရကြောင်း သိရသည်။

” နယ်စပ်လမ်းကြောင်းတွေက အဆင်မပြေတော့ ပြည်တွင်းဈေးကွက်ထဲပဲ ရောင်းနေရတာပေါ့။ တရုတ်ကို တင်ပို့မယ်ဆိုရင် ရန်ကုန်ထိ ပြန်ဆင်းလာပြီး ပင်လယ်ရေကြောင်းကနေတဆင့် တင်ပို့‌ရတယ်။ ရှမ်းပြည်အရှေ့ပိုင်းကနေ တင်ပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မကိုက်ဘူး။ လမ်းကြောင်း အခြေအနေအရလည်း ကြာတယ်”ဟု နယ်စပ်ဆန်တင်ပို့သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ မြန်မာ – တရုတ်နယ်စပ် မူဆယ် ၁၀၅ ကုန်သွယ်ရေးစခန်းအပြင် အခြားသော မြန်မာ-တရုတ် နယ်စပ်စခန်းများလည်း ကုန်သွယ်မှုလုပ်ငန်းများရပ်တန့်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here