အပန်းဖြေ Resort များကြောင့် ဝါးအသုံးအဆောင်၊ ပရိဘောဂများ အဝယ်လိုက်

0
401

ရန်ကုန်မြို့တွင်း Camp ခရီးစဉ်ပြုလုပ်ရာနေရာများနှင့် အပန်းဖြေ Resort များက ဝါးလက်မှုထည်များ အပါအဝင် ဝါးဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင်နှင့် ပရိဘောဂ၊ဝါးတဲ အဆောက်အအုံစသည်တို့ကို အော်ဒါမှာယူမှုရှိနေကြောင်း သိရသည်။

ဝါးပရိဘောဂနှင့် အဆောက်အအုံများကို ပွင့်လင်းရာသီတွင် အော်ဒါမှာယူမှု မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်မိုးကာလတွင် အပန်းဖြေ Resort များမှ အော်ဒါမှာယူမှုကြောင့် ပုံမှန် ရောင်းအားရှိနေပြီး ပရိဘောဂပစ္စည်းတစ်ခုလျှင် ငွေကျပ် (၃)သိန်းမှ သိန်း (၃၀) အထိ ကျသင့်ကြောင်း သိရသည်။

အလားတူ ဝါးလက်မှုထည်တစ်ခုကို ကျပ် (၇၀၀) မှ ကျပ် (၃၀,၀၀၀) ဝန်းကျင်အထိ ဈေးနှုန်းသတ်မှတ်ရောင်းချခြင်းများရှိကာ ဝါးဖြင့်ပြုလုပ်ထားသော လက်မှုထည်များကို အဓိကအားဖြင့် နေပြည်တော်၊ ပုဂံနှင့်ရှမ်းပြည်နယ်များက အများဆုံးမှာယူကြပြီး အခြားသော နယ်ဒေသများကလည်း မှာယူကြကြောင်း သိရသည်။

ဝါးလက်မှုထည်များတွင် စုဘူး၊ မီးအိမ်၊ နာရီ၊ ရေနွေးကရား စသည်တို့ပါဝင်ပြီး ဝါးဖြင့်ပြုလုပ်ထားသော နားနေဆောင်များ၊ ဝါးပရိဘောဂများအပါအဝင် စားသောက်ဆိုင် အပန်းဖြေစခန်း များအတွက် ဝါးဆက်တီစသည်တို့ကိုလည်း အဓိက မှာယူလျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here