တောင်တရုတ်ပင်လယ်၌ လက်နက်ပြိုင်ဆိုင်မှုဖြစ်လာဖို့အမေရိကလှုံ့ဆော်နေ–တရုတ်

0
189

ပေကျင်း၊ဇွန် ၉

တောင်တရုတ်ပင်လယ်အတွင်း အမေရိက၏ စစ်ရေးဖြန့်ကျက်ထားမှုသည် တရုတ်နှင့်လက်နက်ပြိုင်ဆိုင်မှုအဖြစ်ပြောင်းလဲလာခြင်းကြောင့် တောင်တရုတ်ပင်လယ်၌ အကြီးမားဆုံးလုံခြုံရေးစိန်ခေါ်မှု နှင့်ရင်ဆိုင်နေရကြောင်း တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ဇွန် ၉ ရက်က မှတ်ချက်ပြုပြောကြားခဲ့သည်။

မဟာဗျူဟာမြောက် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်‌၍ မကြာသေးမီက တရုတ်နှင့်ဖိလစ်ပိုင်တို့အကြားဖြစ်ပေါ်ခဲ့သည့် ရေကြောင်းသွားလာမှုပြဿနာသည် ဝါရှင်တန်နှင့်ပေကျင်းကြားရှိ အဓိကပြဿနာများအနက် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။

အမေရိကဦးဆောင်သည့်တပ်ဖွဲ့များသည် တောင်တရုတ်ပင်လယ်၌ စစ်အင်အားဖြန့်ကျက်မှုကိုမြှင့်တင်သဖြင့် ရေကြောင်း အငြင်းပွားမှုများနှင့် ကွဲလွဲမှုများကိုပြင်းထန်လာစေပြီး ကမ်းရိုးတန်းနိုင်ငံများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကိုထိခိုက်စေခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

အဆိုပါဒေသ၌ တာလတ်ပစ်ဒုံးကျည်များကို ဖြန့်ကျက်ရန်လုပ်ဆောင်နေသည့် အမေရိက၏ ဆောင်ရွက်မှုသည် အာရှပစိဖိတ်ဒေသတစ်ခုလုံးကို ပထဝီနိုင်ငံရေးပဋိပက္ခများဖြစ်ပေါ်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်သည်လည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here