ပြုံယမ်းကအမှိုက်မီးပုံးပျံများလွှတ်သဖြင့် ဆိုးလ်ကအသံချဲ့စက်များအသုံးပြုကာတုန့်ပြန်

0
114

ဆိုးလ်၊ဇွန် ၉

မြောက်ကိုရီးယားက တောင်ကိုရီးယားသို့ အမှိုက်များပါဝင်သည့် မီးပုံးပျံများ လွှတ်တင်သဖြင့် တောင်ကိုရီးယားကလည်း အသံချဲ့စက်များဖြင့်အသံသွင်းထားသည်များကို မြောက်ကိုရီးယားဘက်သို့လှည့်ဖွင့်ထားပြီး ပြန်တုန့်ပြန်ခဲ့ကြောင်းသိရသည်။

မြောက်ကိုရီးယားသည် အမှိုက်မီးပုံးပျံများကို ထောင်နှင့်ချီ၍ တောင်ကိုရီးယားသို့လွှတ်တင်ပြီးနောက်ထပ်မလုပ်တော့ဟုဆိုခဲ့သော်လည်း ပြီးခဲ့သည့်စနေနေ့က မီးပုံးပျံအလုံးရေ ၃၃၀ ခန့်ထပ်လွှတ်ခဲ့သဖြင့် တောင်ကိုရီးယားက ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

မီးပုံးပျံအမှိုက်များဆက်လက်၍ ပြစ်နေပါက နယ်စပ်၌တပ်ဆင်ထားသည့် ကြီးမားသည့်အသံချဲ့စက်များမှတစ်ဆင့် ဝါဒဖြန့်ချိရေးထုတ်လွှင့်မှုများပါဝင်သည့် လက်တုန့်ပြန်လုပ်ရပ်ဖြင့် မြောက်ကိုရီးယားကို စိတ်ဓါတ်စစ်ဆင်ရေး လုပ်မည်ဟုလည်း တောင်ကိုရီးယားကသတိပေးခဲ့သည်။

အဆိုပါဝါဒဖြန့်အသံထုတ်လွှင့်မှုကို တနင်္ဂနွေ နေ့လယ်ပိုင်းကပြုလုပ်ခဲ့ပြီး နောက်ဆက်လုပ်မ လုပ်မှာမူ မြောက်ကိုရီးယား၏ တုန့်ပြန်ပုံအပေါ် မူတည်ကြောင်းလည်းတောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်စ်အင်န်/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here