ထိုင်းတွင် (၅)လအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀၀ နီးပါး ဖမ်းဆီးခံထားရ

0
265

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အပါအဝင် နေရာအများစု၌ အ ထောက်အထားမဲ့ မြန်မာနိုင်ငံသား လေးထောင်နီးပါး ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထိုင်းအထူးရဲတပ်ဖွဲ့၏ ထု တ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ အများစုသည် အထောက်ထားမဲ့နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများအပါအဝင် တရား မဝင် နိုင်ငံခြားသားအလုပ်သမားနှိမ်နင်းရေး (၄)လစီမံချက်ဖြင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးခြင်းကြောင့် တွေ့ရှိရသည့် မြန်မာအလုပ်သမားအများစုဖြစ်ကြောင်း ထု တ်ပြန်ချက်တွင် ပြောသည်။

“၈ ရက်နေ့ကလည်း ကလေးနဲ့ အမျိုးသမီးတွေ ၂၉ ဦးလော က် အဖမ်းခံလိုက်ရတာ ရှိတယ်။ ဘန်ကောက်ကိုသွားမယ့် ကားပေါ်မှာ” ဟု မြန်မာလုပ်သားအရေး ကူညီပေးနေသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထိုင်းအထူးရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရရှိမိသူများကို ဥပဒေ အတိုင်းဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁) ရက်မတိုင်ခင်ကပင် မြန်မာရွှေ့ ပြောင်း လုပ်သားများ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများ ရှိနေသော်လည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် ပိုမိုဝင်ရောက်လျက်ရှိရာ နေ့စဉ်နီးပါး ဖမ်းဆီးခံနေရခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here