MMA ပွဲစဉ်တစ်ခုတွင် ပွဲဦးထွက် အနိုင်ရရှိထားသည့် ချင်းတိုင်းရင်းသားလူငယ် ဖိုက်တာ မွေထိုင်းဖိုက်တာကို ဒိုင်ပွဲရပ်ဖြင့် ထပ်မံအနိုင်ရ

0
421

မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲ (MMA)ပွဲစဉ်တစ်ခုတွင် ပွဲဦးထွက် အနိုင်ရရှိထားသည့် ချင်းတိုင်းရင်းသားလူငယ် ဖိုက်တာမှာ မွေထိုင်းစိန်ခေါ်ပွဲတစ်ခုတွင်လည်း ပြိုင်ဘက်ထိုင်းဖိုက်တာကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဇွန်လ(၈)ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သည့် မွေထိုင်းစိန်ခေါ်ပွဲစဥ်တစ်ခုတွင် ချင်းတိုင်းရင်းသားဖိုက်တာ Salai Van Lal Hmuak သည် R9M ဟု နာမည်ပေးထားသည့် မွေထိုင်းဖိုက်တာအား ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Salai Van Lal Hmuak သည် ပြိုင်ဘက်ဖြစ်သူ ထိုင်းဖိုက်တာကို လက်ရည်အသာစီးဖြင့် ကစားကာ ပထမအချီကတည်းကပင် ပွဲပြတ်နိုင်လုနီးပါးဖြစ်သွားခဲ့ပြီး ဒုတိယအချီ စတင်ခါနီးတွင် ထိုင်းဖိုက်တာ R9M က ပွဲဆက်လက် ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ကြောင်း ကြိုးဝိုင်းဒိုင်လူကြီးကို အသိပေးလိုက်သည့်အတွက် ဒိုင်လူကြီးက ပွဲကိုရပ်နားကာ ချင်းလူငယ်ဖိုက်တာ Salai Van Lal Hmuak ကို အနိုင်ပေးလိုက်ခြင်းဖြစ်သည်။

Salai Van Lal Hmuak ၏ ပထမဆုံးထိုးသ-တ်ရသည့် မွေထိုင်းပွဲစဉ်တစ်ခုဖြစ်ပြီး၊ (၅၇) ကီလိုတန်းတွင် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်းလည်းဖြစ်သည်။

Salai Van Lal Hmuak သည် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မွေးဖွားသူတစ်ဦးဖြစ်ကာ၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲ (MMA) ပွဲစဉ်တွင်လည်း ပွဲဦးထွက် အနိုင်ရလဒ်ပိုင်ဆိုင်ထားသူဖြစ်သည်။

ချင်းတိုင်းရင်းသား လူငယ်ဖိုက်တာ Salai Van Lal Hmuak သည် UFC အထိ ခြေဆန့်နိုင်ရန် ရည်မှန်းထားပြီး လက်ရှိတွင် ချင်းပြည်နယ်က ပေါ်ထွက်လာသည့် လူငယ်ဖိုက်တာများမှာ Joshua Van၊ Tial Thang၊ MT Timothy၊ Henry DC Lian နှင့် Salai Van Lal Hmuak တို့ ရှိနေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here