သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲကို တိုက်ခိုက်မည့်သူများအား ဖမ်းမိကြောင်း ကြေညာ

0
242

သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန် စီစဉ်ထားသူ ကိုးဦးကို ဖမ်းဆီးရရှိထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဇွန်လ (၁၀) ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တံတားဖွင့်ပွဲကို ဇွန်လ (၈) ရက် နံနက်ပိုင်းက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

နစက၏ ထုတ်ပြန်ချက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ သင်္ဘောကျင်းဝန်ထမ်း အိမ်ယာဝန်းထဲရှိ လိုင်းခန်းအဟောင်းမှ ရန်ကုန် UG အဖွဲ့ဝင် (၇)ဦးကို ၁ဝ၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဖြူးစ် နှစ်ခု၊ ဝါယာကြိုးခွေ လေးခွေနဲ့ အခြားဆက်စပ်ပစ္စည်းများနှင့် အတူ ဇွန်လ (၈) ရက်နံနက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် ပူးပေါင်းပါဝင်သူ (၂)ဦးကို ဇွန်လ ၉ ရက် ၊ နံနက်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံး၊ ဖြူးစ် တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းကို Brigate Drone Force PDF အဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်မှ သင်ကြားပေးခဲ့ကြောင်းလည်း ဖမ်းဆီးရမိသူများက ထွက်ဆိုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here