ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီး ဇီးကုန်းကျေးရွာအနီးတွင် (၆)ဘီးကားကို ဒိုင်နာယာဉ်မှ ဝင်တို-က်ပြီး လူည-ပ်နေသည့်အတွက် ဝိုင်းဝန်းကယ်ထုတ်ခဲ့ရ

0
639

ဇွန် (၁၀)ရက်၊ ည (၁၁)နာရီ (၃၉)မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄) လမ်းမကြီး၊ ဇီးကုန်းကျေးရွာအနီးတွင် (၆)ဘီးကား တစ်စီးကို ဒိုင်နာယာဉ်မှ ဝင်တို-က်ပြီး လူည-ပ်နေသည့်အတွက် ဝိုင်းဝန်းကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ရွှေမေတ္တာလူမှုကူ ညီရေးအသင်းထံမှ သိရသည်။

“ရွှေပြည်သာ မြင်းလှည်းဂိတ်ထိပ် ကားမတော်တဆမှု (၆) ဘီး ကားကို ဒိုင်နာဝင်တို-က်ပြီး ဒိုင်နာခေါင်းတခြမ်းပြားတယ်။ လူည-ပ်တယ်။ ကားခေါင်းတခြမ်းကျေတယ်။ ကိုယ်တွေ အင်အားနဲ့ ရအောင် ဆွဲထုတ်လိုက်နိုင်တယ်”ဟု ရွှေမေတ္တာ လူမှူကူညီရေးအသင်းက မျှဝေထားသည်။

အခင်းဖြစ်နေရာသို့ ရွှေပြည်သာမြို့နယ်၊ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် မြို့ခံလူမှုကူညီရေးအသင်းများမှ တပ်ဖွဲ့ဝင်များ ထွက်ခွာကူညီခဲ့ရကြောင်း သိရသည်။

“အနားက မီးသတ်ဆေးဘူးအကုန်ထုတ်ဖြန်းတယ်။ လူနာဆွဲထုတ်နေတုန်း ကားမီးထလောင်တယ်။ မီးခိုးအရမ်းများနေတဲ့ကြားက မီးတောက်အရမ်းမများခင် လူနာကို လူအင်အားနဲ့ပဲ ရအောင်ဆွဲထုတ်လိုက်နိုင်တာ”ဟု ရွှေမေတ္တာ လူမှူကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

ထိုသို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ည (၁၁)နာရီ (၅၂)မိနစ်အချိန်တွင် ည-ပ်နေသူအား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here