မုံရွာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ (၂၃၆) ဦးရှိပြီး ဘာသာစုံ ဂုဏ်ထူးရှင် (၂) ဦးထွက်ပေါ်

0
109

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ (၂၃၆)ဦးရှိပြီး ဘာသာစုံဂုဏ်ထူးရှင် (၂)ဦးထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ (၄၃၈) ဦးအနက် (၃၈၁)ဦး ဖြေဆိုခဲ့ပြီး (၂၃၆) ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၆၁.၉၄% ဖြစ်ကြောင်း သိရသည်။

စာမေးပွဲ အောင်မြင်သူများအနက် (၆) ဘာသာဂုဏ်ထူးရှင် (၂) ဦး ၊ (၄) ဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ (၃) ဘာသာ ဂု ဏ်ထူးရှင် (၁)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၇) ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၁၉) ဦးနှင့် ရိုးရိုး‌အောင် (၂၀၅) ဦး ရှိကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ နှင့် ၂၀၂၄ခုနှစ်၊ ဧပြီလ နှင့် မေလများတွင် အထူးအစီအစဥ်အနေဖြင့် ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းများကို နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနကျောင်းများတွင် ယနေ့ ဇွန်လ (၁၁) ရက်၊ အင်္ဂါနေ့ နံနက်(၆)နာရီအချိန်၌ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောင်စာရင်းထုတ်ပြန်ချက်များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန www.myanmarexam. org Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန်သည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ် ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်း ထွက်သည့်နေ့တွင် ကြေညာပေးလျက်ရှိသည်။

ထို့ပြင် အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ( ၀၁ – ၆၅၃၅၀၉ ) နှင့် ( ၀၁ – ၆၅၃၄၆၇ ) တို့ ထံသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here