ဝန်ကြီးဟောင်းစျာပနသို့ အသွားလေယာဉ်ပျ-က်-ကျ၍ မာလာဝီ ဒု-သမ္မတ အပါအဝင် အခြား ကိုးဦးလုံး ဆုံးပါးသွား

0
249

လေယာဉ်ပျ-က်-ကျခဲ့မှုဖြစ်စဉ်အတွင်း ဒု-သမ္မတ Saulos Chilima အပါအဝင် အခြားလိုက်ပါခဲ့သူ ကိုးဦး ဆုံးပါးခဲ့တယ်လို့ မာလာဝီနိုင်ငံ သမ္မတ လာဇာရပ်စ် ချာကွီရာက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ယင်းလေယာဉ်ဟာ မြို့တော် Liiongwe ရဲ့ မြောက်ဖက် ၂၄၀ မိုင်ခန့်အကွာ Mzuzu နိုင်ငံတကာ လေဆိပ်မှာ ဆင်းသက်ဖို့ကြိုးစားမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျ-က်ကို ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့လည်း ချာကွီရာက အင်္ဂါနေ့မှာပဲ ပြောဆိုခဲ့တာပါ။

“ ဒု-သမ္မတနဲ့ အခြား ကိုးဦး လိုက်ပါသွားတဲ့ လေယာဉ်ပျောက်ကို ရှာဖွေဖို့ မိမိ အမိန့်ပေးညွှန်ကြားခဲ့သော ရှာဖွေ ကယ်ဆယ်ရေးအစီအစဉ် ပြီးမြောက်ခဲ့ပါပြီ။ လေယာဉ်ကို ရှာတွေ့ခဲ့ပြီဖြစ်ကာ ဆိုးဝါးတဲ့ ကြေကွဲဖွယ် အဖြစ်ဆိုးကြီးဖြစ်သွားခဲ့တာကို အသိပေးပြောကြားရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်” လို့ ချာကွီရာက ပြောဆိုခဲ့ပါတယ်။

Chikangawa သစ်တောအတွင်းမှာ လေယာဉ်ဟာ လုံးဝပျက်စီးသွားတဲ့ အနေအထားနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး “ဘယ်လောက် ကြေကွဲဖွယ်ဖြစ်ရပ်လဲဆိုတာ ပြောစရာ စကားလုံးတောင်မရှိပါဘူး” လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

“သူဟာ လူတော်လူကောင်းတစ်ယောက်ဖြစ်သလို ၊ သစ္စာရှိသော ဖခင်၊ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ကာ တိုင်းပြည်အတွက် ထူးခြားပြောင်မြောက်စွာ ထမ်းဆောင်ခဲ့သော မျိုးချစ်နိုင်ငံသားတစ်ဦး ဖြစ်တယ်” လို့ ချာကွီရာက သူ့ရဲ့ လက်ထောက်ကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

Chilima (၅၁ နှစ်) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကိုရီးယား-အာဖရိက ညီလာခံတက်ရောက်ခဲ့အပြီး ဇွန် ၆ ရက်မှာမှ နိုင်ငံကို ပြန်ရောက်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here