လေထုမငြိမ်သက်မှုနှင့်ကြုံခဲ့သည့် SQ321 ခရီးသည်များကို ဒေါ်လာ ၁၀,၀၀၀ စီလျော်ကြေးပေးမည်

0
138

စင်္ကာပူ၊ဇွန် ၁၁

လေထုမငြိမ်သက်မှုနှင့်ကြုံတွေ့ခဲ့ရသည့် စင်္ကာပူလေကြောင်းလိုင်းမှ SQ321 လေယာဉ်ပေါ်ရှိခရီးသည်များကို သက်ဆိုင်ရာလေကြောင်းလိုင်းက တောင်းပန်စကားဆိုခဲ့ပြီး အနည်းအကျဉ်းထိခိုက်ဒဏ်ရာရခဲ့သူများကို တစ်ဦးလျှင်အမေရိကန်ဒေါ်လာ ၁၀,၀၀၀ လျော်ကြေးပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်အတွင်း လူပေါင်းဒါဇင်နှင့်ချီ ၍ဒဏ်ရာရခဲ့ပြီး အချို့မှာပြင်းထန် သော ဒဏ်ရာရခဲ့ကြောင်းသိရသည်။သက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း ‌ေ-သဆုံးခဲ့သည်ဟုသိရသည်။

အနည်းအကျဉ်းထိခိုက်ဒဏ်ရာရသူများကို အ မေရိကန်ဒေါ်လာ ၁၀,၀၀၀ (စင်္ကာပူဒေါ်လာ ၁၃,၅၀၀) သာပေးသော်လည်း ပြင်းထန်သော ဒဏ်ရာရသူများကို၎င်းတို့ကျန်းမာရေးအခြေအနေကောင်းမွန်လာပါက အသေးစိတ်ကို တွေ့ဆုံဆွေးနွေးကာ သီးခြားလျော်ကြေးငွေပေးဆောင်ရန် စီစဉ်ထားကြောင်းလည်းပြောကြားခဲ့သည်။

ပြင်းထန်သော ဒဏ်ရာများ ရရှိသဖြင့် ရေရှည်ဆေးကုသမှုခံယူရန်လိုအပ်သောကြောင့် ငွေကြေးအကူအညီတောင်းခံထားသည့် ခရီးသည်များကို ၎င်းတို့၏လတ်တလောလိုအပ်ချက်ကိုဖြေရှင်းနိုင်ရန် အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကို ကြိုတင်ပေးချေထားကြောင်း၊ ဒဏ်ရာရသူများရော ဒဏ်ရာလုံးဝမရရှိခဲ့သူများကိုပါ လေယာဉ်လက်မှတ်ခပြန်အမ်းပေးမည်ဖြစ်ကြောင်း ပြောသည်။

၎င်းတို့သည် ဥရောပသမဂ္ဂသို့မဟုတ် အင်္ဂလန်က ချမှတ်ထားသည့်စည်းမျဉ်းများနှင့်အညီ ခရီးဖင့်သည့်အတွက် လျော်ကြေးငွေကိုလည်းရရှိမည်ဖြစ်ကြောင်း စင်္ကာပူလေကြောင်းလိုင်းကထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါ SQ321 လေယာဉ်သည် လန်ဒန်မှစင်္ကာပူသို့ ထွက်ခွာလာချိန် မြန်မာနိုင်ငံရှိဧရာဝတီမြစ်ဝှမ်းအပေါ်တွင် ယခုဖြစ်စဉ်နှင့်ကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here