ဗီယက်နမ်မြောက်ပိုင်း၌ ရေကြီးမြေ-ပြိ-ု၊ လူသုံးဦး‌ေ-သ

0
337
People ride motorbikes on a flooded street in Hanoi on June 5, 2024 (Photo by Nhac NGUYEN / AFP)

ဟနွိုင်း၊ဇွန် ၁၀

ဗီယက်နမ်နိုင်ငံ၌ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် အိမ်ပေါင်းထောင်နှင့်ချီ၍ရေန-စ်မြ-ုပ်ကာ နိုင်ငံမြောက်ပိုင်းဒေသများတွင် ရေကြီးမြေပြိုမှုများကြောင့် လူသုံး‌ေ-သဆုံးခဲ့ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။

မော်တော်ဆိုင်ကယ်ခရီးသွားများအတွက် ရေပန်းစားသည့် တောင်ထူထပ်ရာဒေသဖြစ်သော Ha Giang ပြည်နယ်ရှိလမ်းများပေါ်တွင် ရေများအရှိန်ဖြင့်စီးကျနေသည်ကို နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် မြင်တွေ့ရပြီး မော်တော်ဆိုင်ကယ်များလည်းတိမ်းမှေ-ာက်ကာ ရေလွှမ်းမိုးမှုအတွင်းပါဝင်ပျက်စီးကုန်သည်ဟုသိရသည်။

အဆိုပါမြို့၌ နေထိုင်သူဒေသခံများသည် ရေလွတ်ရာ အိမ်ခေါင်မိုးပေါ် ရပ်ကာကယ်ဆယ် ရေး အကူအညီများကိုစောင့်နေကြရသည်ဟုလည်းသိရသည်။

“စနေနေ့ကစလို့ ပြည်နယ်မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေပါတယ်၊အိမ်ခြေထောင်ပေါင်းများစွာလည်းရေမြ-ုပ်ခဲ့ပြီး လမ်းအများအပြားပျက်စီးခဲ့ပါတယ်” ဟု နိုင်ငံပိုင်မီဒီယာကပြောကြားခဲ့သည်။

ယင်းသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး မြေပြိ-ြမှုများလည်းဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံသုံးဦး‌ေ-သဆုံးခဲ့ကြောင်းလည်း The Voice of Viet Nam သတင်းဌာန၌ဖော်ပြခဲ့သည်။ပြီးခဲ့သည့်နှစ်ကလည်း ယခုကဲ့သို့ပင် ရေကြီးမြေပြိ-ုမှုကြောင့် လူပေါင်း ၁၆၉ ဦးအထိ‌ေ-သဆုံးခဲ့သည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here