ကုလအသိအမှတ်ပြု အပစ်အခတ်ရပ်ရေးအစီအစဉ်ကို တွန်းအားပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးအစ္စရေးရောက်

0
178
This handout photo released by the US State Department on June 10, 2024, shows US Secretary of State Antony Blinken (L) meeting with Israeli Prime Minister Benjamin Netanyahu in Jerusalem on June 10, 2024. - Blinken landed in Israel on June 10 to promote a Gaza truce and hostage release plan as Israeli bombardment again rocked the Palestinian territory. (Photo by Chuck KENNEDY / US State Department / AFP)

ဂျေရုဆလင်၊ဇွန် ၁၁

ဂါဇာ၌ဖြစ်ပွားနေသည့် ရှစ်လသက်တမ်းကြာစစ်ပွဲကို ရပ်တန့်နိုင်ရေးအတွက် ကုလက ပံ့ပိုးကူညီသည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အစ္စရေးက လက်ခံရန် တိုက်တွန်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

မစ္စတာဘလင်ကန်သည် ဂျေရုဆလင်၌ အစ္စရေးဝန်ကြီးချုပ်နှင့် နှစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်နည်းလမ်းများဖြင့် ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

ဟားမတ်စ်တို့က အစ္စရေး ကို စတင်တိုက်ခိုက်ပြီးနောက် အစ္စရေး – ဟားမတ်စ်အရေးအခင်း ရှစ်လတာကာလအတွင်း မစ္စတာဘလင်ကန်သည် အစ္စရေးသို့ရှစ်ကြိမ်မြောက်သွားရောက်ခြင်းဖြစ်သည်။

‌အစ္စရေးသည် ပြီးခဲ့သည့်စနေနေ့က ဓ-ါးစာခံလေးဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ၎င်း၏ထိုးစစ်ကြောင့် ပါလက်စတိုင်းဒေသခံများ အပျက်အစီးအ‌ေ-သအပျောက်များခဲ့သဖြင့် နိုင်ငံရေးအရ တွန်းအားပေးခံရမှုများလည်းရှိ‌နေခဲ့သည်။

ဓ-ါးစာခံလေးဦးကိုကယ်ထုတ်လာနိုင်သဖြင့် အစ္စရေးဘက်၌ အောင်ပွဲခံပျော်ရွှင်နေကြသော်လည်း ယင်းသို့ကယ်ထုတ်နိုင်ရန် အစ္စရေး၏ထိုးစစ်နှင့်ဗုံးကျဲမှုများကြောင့် လူ ပေါင်း ၂၇၄ ဦး‌ေ-သဆုံးကာ ၇၀၀ နီးပါးဒဏ်ရာရခဲ့သဖြင့် ဟားမတ်စ် တို့က ဝေဖန်ရှုံ့ချခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here