သမ္မတပူတင်၏ စစ်သင်္ဘောများနှင့် နျူကလီးယားရေငုပ်သင်္ဘော အမေရိကန်ကမ်းရိုးတန်းမှ ၂၅ မိုင်အကွာတွင် ဖြတ်သန်းသွား

0
190

ရုရှားရေတပ်၏ စစ်သင်္ဘောများနှင့် နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းပါဝင်သော ရေယာဉ်အုပ်စုသည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းရိုးတန်းမှ ၂၅ မိုင်အကွာ ပင်လယ်ပြင်ကိုဖြတ်သန်းခုတ်မောင်းကာ ကျူးဘာရေပိုင်နက်အတွင်း ဝင်ရောက်သွားပြီဖြစ်သည်။

“၂၀၂၄ ခုနှစ် ဇွန် ၁၂ရက်မှ ၁၇ရက်အထိတွင် ရုရှားရေတပ်သင်္ဘောလေးစင်းသည် ဟာဗားနားဆိပ်ကမ်းသို့ တရားဝင်လာရောက်လည်ပတ်မည်ဖြစ်သည်” ဟု ကျူးဘားရေတပ်က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့တွင် ဖရီးဂိတ်သင်္ဘော The Admiral Gorshkov၊ နျူကလီးယားရေငုပ်သင်္ဘော The Kazan၊ လောင်စာရည်တင်သင်္ဘော Akademik Pashin နှင့် ကယ်ဆယ်ရေးဆွဲသင်္ဘော The Nikolay Chiker တို့ ပါဝင်သည်။

“ဒီခရီးစဉ်ဟာ ကျူးဘားနဲ့ ရုရှားကြား သမိုင်းဝင် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေပြီး နိုင်ငံတကာ စည်းမျဉ်းတွေနဲ့လည်း တိတိကျကျ လိုက်လျောညီထွေဖြစ်ပါတယ်” ဟု ကျူးဘားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ “နျူကလီးယားလက်နက် သယ်ဆောင်လာတဲ့ သင်္ဘောတစ်စင်းမှ မပါတဲ့အတွက် ကျွန်တော်တိုနိုင်ငံမှာ ဆိုက်ကပ်တာက ဒေသတွင်းကို ခြိမ်းခြောက်မှု မဖြစ်စေပါဘူး။”ဟုလည်း ကျူးဘား ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

“သူတို ရောက်ရှိနေတဲ့အတောအတွင်းမှာ ရုရှားသင်္ဘောသားတွေဟာ ကျူးဘားရေတပ်ရဲ့ တပ်မှူးနဲ့ ဟာဗားနားအုပ်ချုပ်ရေးမှူးတိုကို သွားရောက်တွေ့ဆုံမှု အပါအဝင်တခြားအစီအစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူတိုဟာ သမိုင်းဝင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဝင်စားဖွယ်နေရာတွေကိုလဲ သွားရောက်လည်ပတ်ကြမှာဖြစ်ပါတယ်” ဟု ကျူးဘားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ဟာဗားနားဆိပ်ကမ်းကိုရောက်တာနဲ့ သင်္ဘောတစ်စင်းထဲက အမြောက် ၂၁ ချက်ပစ်ဖေါက်ပြီး နှုတ်ခွန်းဆက်အလေးပြုသွားမှာပါ”ဟုလည်း ကျူးဘား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here