ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်တွင် မြန်မာအသင်းက ပေးဂိုး အများဆုံးဖြစ်နေ

0
168

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပြိုင်ပွဲတွင် မြန်မာအသင်းက ပေးဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ရကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် အုပ်စုအတွင်း အောက်ဆုံးအဆင့်တွင် ရပ်တည်ခဲ့ရကာ၊ (၆)ပွဲကစားအပြီးတွင် ပေးဂိုး (၂၈)ဂိုးအထိ ရှိခဲ့သည်။

ဘောလုံးကမ္ဘာအဆင့်သတ်မှတ်ချက်အရ မြန်မာအသင်းထက် နိမ့်သည့် နီပေါနိုင်ငံအသင်းက ပေးဂိုး (၂၀) ဂိုး၊ ပါကစ္စတန်နိုင်ငံအသင်းက (၂၆)ဂိုးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသင်းက (၂၀)ဂိုး ရှိခဲ့သည်။

ကမ္ဘာဖလား အာရှဇုန် ခြေစစ်ပွဲအတွင်း မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း၌ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့အား ပွဲတိုင်းဂိုးပေးခဲ့ရပြီး နှစ်ကျော့ကစားခဲ့အပြီး ဂျပန်ကို (၁၀)ဂိုး၊ ဆီးရီးယားကို (၈)ဂိုးနှင့် မြောက်ကိုရီးယားကို (၁၀)ဂိုး အသီးသီးပေးခဲ့ရသည်။

မြန်မာအသင်းအနေဖြင့် အုပ်စုအတွင်းယှဥ်ပြိုင်ကစားမှုတွင် သွင်းဂိုး(၃)ဂိုးရခဲ့ပြီး ယင်း(၃)ဂိုးကို ဝင်းနိုင်ထွန်း၊ စိုးမိုးကျော်နှင့် ဝေလင်းအောင်တို့က သွင်းယူပေးထားခြင်း ဖြစ်သည်။

မြန်မာအသင်းအ‌နေဖြင့် အုပ်စုအောက်ဆုံးအဆင့်မှာ ရပ်တည်‌သော်လည်း အာရှဖလားဝင်ခွင့်အတွက် ခြေစစ်ပွဲများဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here