ရုပ်ရှင်မြို့တော်တည်ဆောက်ရန် လုပ်ငန်းရှင်များ ဖိတ်ခေါ် ထား

0
170

ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်လမ်းများကို တစ်နေရာတည်းတွင် ရိုက်ကူးထုတ်လုပ်နိုင်မည့် ရုပ်ရှင်မြို့တော်တည်ဆောက်ရေးကိစ္စများအတွက် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။

ရုပ်ရှင်မြို့တော်တည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစတင်ကာ မြေနေရာရှင်းလင်းခြင်း၊ ကားပတ်လမ်း လုပ်ဆောင်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ရေစင် တည်ဆောက်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပြန်လည်တည်ဆောက်နိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်မြို့တော်တည်ဆောက်ပြီးစီးပါက ရုပ်ရှင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး အလွှာအသီးသီးရှိ ရုပ်ရှင်လောကသားများ အတွက်လည်း အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်မြို့တော်ကို ရန်ကုန် – မန္တလေး အမြန်လမ်းသစ်၊ လှည်းကူး မြို့နယ်၊ မိုင် ၂၀ နှင့် ၃ ဖာလုံ ဝဲဘက်ခြမ်းရှိ မြေဧက (၂၀၀)ပေါ်တွင်တည်ဆောက်သွားမည်ဖြစ်ပြီးနှစ် (၃၀) သက် တမ်း သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here