ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် (၅)လအတွင်း ပြည်ပခရီးသည် တစ်သိန်းကျော် ဝင်ရောက်ခဲ့

0
165

ယခုနှစ် (၅)လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် နိုင်ငံခြားသား ခရီးသည် တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသည် တစ်ထောင်နီးပါး ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှအများဆုံးဝင်ရောက်ခဲ့ပြီး Business Visa ၊ Tourist Visa များဖြင့် အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ရန်ကုန်မြို့တွင်း ခရီးစဉ်၊ ပဲခူးမြို့ ခရီးစဉ်၊ ပုဂံခရီးစဉ်၊ မန္တလေးခရီးစဉ်များကို သွားရောက်လည်ပတ်မှုများပြားခဲ့ပြီး ကမ်းခြေဒေသသို့ သွားရောက်မှုနည်းပါးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားခရီးသွားများစိတ်ဝင်စားသည့် လည်ပတ်စရာဒေသ (၃၀) ကျော်ထက်မနည်းရှိပြီး ပြည်ပခရီးသွားအများစုသည် ရွှေတိဂုံစေတီရှိသည့် ရန်ကုန် အပါအဝင် မန္တလေး၊ ပုဂံ၊ ကလော နှင့် အင်းလေး ဒေသများကို အများဆုံးသွားရောက်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တစ်နှစ်တာလုံးတွင် မြန်မာနိုင်ငံကို ပြည်ပခရီးသွား တစ်သန်းကျော် လာရောက်လည်ပတ်မှု ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here