နာဂဒေသတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (၁၆၃) ဦးအောင်မြင်ပြီး ဂုဏ်ထူးရှင် (၁၉)ဦးထွက်

0
97

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၁၆၃) ဦးအောင်မြင်ပြီး (၃) ဘာသာ (၁)ဦး ဂုဏ်ထူးထွက်ခဲ့ကြောင်း သိရသည်။

နာဂဒေသ နန်းယွန်းမြို့တွင်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၅၈)ဦး အောင်မြင်ပြီး (၃)ဘာသာ ဂုဏ်ထူးရသူ (၁) ဦး၊ (၁)ဘာသာ (၂)ဦးဂုဏ်ထူးထွက်ခဲ့ပြီး၊ ပန်ဆောင်မြို့တွ င်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၁၁) ဦးအောင်မြင်ကာ (၁)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လဟယ်မြို့တွင်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၂၃) ဦးအောင်မြင်ပြီး (၂)ဘာသာ (၂)ဦး၊ (၁) ဘာသာ (၁)ဦးဂုဏ်ထူးထွက်ခဲ့ပြီး ဆွမ္ပရာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၁၃)ဦး ရှိခဲ့ကြောင်း သိရသည်။

အလားတူ လေရှီးမြို့နယ်၊ ပန်ဆပ်မြို့တွင်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၄)ဦး အောင်မြင်ခဲ့ပြီး (၃)ဦးမှာ (၂) ဘာသာဂုဏ်ထူးထွက်ခဲ့ပြီး လေရှီးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၅၄)ဦးအောင်မြင်ကာ (၂)ဘာသာ(၂) ဦးနှင့် (၁) ဘာသာ (၇)ဦး ဂုဏ်ထူးထွက်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင် နန်းယွန်းမြို့၊ ပန်ဆောင်မြို့၊ လဟယ်မြို့၊ လေရှီးမြို့ ၊ ပန်ဆပ်မြို့နှင့် ဆွမ္ပရာမြို့တို့ရှိ စာစစ်ဌာန (၆) နေရာတွင် ထုတ်ပြန်ကြေငြာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here