မဟာအောင်မြေမြို့နယ်ရှိ ဖုန်းဆိုင် ဓ-ားပြတိုက်ခံရ

0
163

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ (၆၉) လမ်းနှင့် (၃၈) လမ်းထောင့်ရှိ Paradise အာမခံဖုန်းရောင်းဝယ်ရေးဆိုင်ကို ယမန်နေ့ ဇွန် (၁၂)ရက် ညနေပိုင်းက ဓ-ားပြဝင်တိုက်မှုဖြစ် ပွားခဲ့ကြောင်း အဆိုပါ ဖုန်းဆိုင်ထံမှ သိရသည်။

“ညနေက ဆိုင်ဓ-ားပြတိုက်ခံလိုက်ရတယ်။တော်တော်များများပါသွားတယ်” ဟု ဓ-ါးပြတိုက်ခံရသည့် Paradise အာမခံဖုန်းရောင်းဝယ်ရေးဆိုင်၏ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဓ-ားပြတိုက်သူ အမျိုးသားနှစ်ဦးသည် ယမန်နေ့ ညနေ (၆) နာရီဝန်းကျင်တွင် ဆိုင်အတွင်းသို့ ဓ-ားရှည်များဖြင့် ဝင်ရောက်လာကာ ဓ-ားပြတိုက်သွားခြင်းဖြစ်သည်ဟု ထိုဖုန်းဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း တန်ဖိုးကြီးဖုန်းများအပါအဝင် ဟမ်းဆက်အများအပြား ဓ-ားပြတိုက်သူများထံ ပါရှိသွားကြောင်း သိရသည်။

“ဖုန်း (၁၆) လုံးလောက်ပါသွားတယ်။ တန်ဖိုးကြီးဖုန်းတွေရော၊ အခုတော့ အဲဒါလေးတွေဖြေဖို့ ရုံးရောက်နေတာ” ဟု ထိုဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခုရက်သတ္တပတ်အတွင်း မန္တလေးမြို့၌ လုယက်မှု၊ ဓ-ားပြတိုက်မှုများ အဖြစ်များနေကာ မေ (၃၁) ကပင် ဆယ်သန်းရွှေဆိုင် ဓ-ားပြတိုက်ခံရပြီး ရွှေနှစ်ပိဿာခန့် လုယူခံရသည့် ဖြစ်စဉ်လည်း ရှိခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here