ကျိုက်ထီးရိုးတောင်တက်လမ်း မြေပြိ-ုကျမှုဖြစ်ပွား

0
123

ယနေ့ ဇွန် (၁၃) ရက်၊ နံနက် (၈) နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းအပေါ်ဘက်ခြမ်း၊ စခန်းလေးအနီးတွင် မြေပြိ-ုမှုဖြစ်ပွားခဲ့‌ကြောင်းဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

” သူက ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်း တောင်တက်ကားလမ်းမိုင်တိုင်မှတ် ၇ မိုင်နှင့် ၆ ဖာလုံအနီးမှ ဖြစ်သွားတာပေါ့။ လူထိခိုက်မှုတော့ မရှိဘူး။ မိုးတွေကတောက်လျှောက်ရွာတဲ့အခါကျတော့ မြေသားတွေပြိ-ုကျတာ။ ဒီချိန်ကဘုရားဖူးနည်းတဲ့အချိန်လည်းဖြစ်တယ်”ဟု ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ဘုရားဖူးခရီးသွားများ လာရောက်ဖူးမြော်ခြင်းကို ခေတ္တပိတ်ထားကြောင်း ၎င်းကဆက်လက်ရှင်းပြထားသည်။

အဆိုပါ မြေပြိ-ုကျမှုဖြစ်စဉ်သတင်းကြောင့် ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်တက်အသင်းဝင်များ၊ ဈေးသူဈေးသားများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၀)ရက်နေ့၊ နံနက်(၇)နာရီခန့်ကလည်း ကျိုက်ထီရိုးတောင်ခြေ ကင်မွန်းစခန်း ဂေါပကအဖွဲ့ရုံးရှေ့ညောင်ပင်ကြီးမှာ မိုး၊လေပြင်း၍ ပြိ-ုလဲမှုဖြစ်သွားခဲ့သေးသည်။

Photo- SawBaMaung


LEAVE A REPLY

Please enter your comment!
Please enter your name here