ကူဝိတ်မီးလောင်၊ နိုင်ငံခြားအလုပ်သမား ၄၉ ဦးထက်မနည်း‌ေ-သဆုံး၊

0
214

ဒူဘိုင်း၊ဇွန် ၁၂

ကူဝိတ်နိုင်ငံ၌ ကာယလုပ်သားများ ကြပ်ညပ်သိပ်နေထိုင်သောအိမ် မီးလောင်မှုကြောင့် နိုင်ငံခြားအလုပ်သမား ၄၉ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသား အများဆုံးပါဝင်ကြောင်းလည်းသိရသည်။ ဆေးရုံတစ်ခု၌ အိန္ဒိယနိုင်ငံသား အယောက် ၃၀ ခန့် ဆေးရုံတင်ထားရပြီး အခြားဆေးရုံများနှင့်ပေါင်းပါက ၄၇ ဦးထက်မနည်း ဆေးကုသမှုခံယူနေကြရသည်ဟုလည်း အိန္ဒိယသံရုံးက ကြေငြာချက်ထုတ်ပြန်ထားသည်။

ယခုကိစ္စ၌ တာဝန်ရှိသူများက အိမ်ရှင်ကို စည်းမျဉ်းချိုးဖောက်သည်ဟု စွပ်စွဲပြောဆိုထားသော်လည်း မည်သည့်အရာကိုချိုးဖောက်သည်ကိုမူ မသိရှိရသေးပေ။ကူဝိတ်နိုင်ငံ၌ လစာနည်းနည်းဖြင့်လုပ်ကိုင်နေကြရသည့် အလုပ်သမားများသည် အဆောင်စရိတ်သက်သာစေရန် အများအပြားစုနေကြရာမှ မတော်တဆမှုဖြစ်လာလျှင် ယခု ကဲ့သို့သော အခြေအနေမျိုးဖြစ်တတ်သည်။

ကူဝိတ်၏ ဆောက်လုပ်ရေးလုပ်ငန်းကဲ့သို့သော လုပ်ငန်းခွင်များသည် တောင်နှင့်အရှေ့တောင်အာရှမှ နိုင်ငံခြားလုပ်သား အင်အား ကို များစွာမှီခိုနေရသည်။ယခုမီးဘေး၌ ပါဝင်သော်လည်း အသက်မ‌ေ-သဆုံးခဲ့သည့် ယာဉ်မောင်းလုပ်သားတစ်ဦးကမူ ၎င်းတို့အဆောင်၏ အောက်ထပ်မှမီးစလောင်ခြင်းဖြစ်ပြီး မီးခိုးများမွှန်ထူနေကာ အပေါ်လွှာရှိလူများမှာ ပြေးလို့မလွတ်တော့ခြင်းဖြစ်သည်ဟုလည်း ၎င်းအတွေ့အကြုံကိုပြန်လည်ပြောကြားခဲ့သည်။

ကူဝိတ်စော်ဘွားကမူ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန်ညွှန်ကြားထားပြီး စစ်ဆေးပြီးပါက အပြစ်ရှိသူများကို ထိထိရောက်ရောက်ကိုင်တွယ်ရန်လည်းညွှန်ကြားထားသည်။ အင်န်ဒီတီဗွီသတင်းဌာန၏ ထုတ်ပြန်ချက်အရ ယခုမတော်တဆမှုအတွင်း အိန္ဒိယနိုင်ငံသား ၄၀ ဦး‌ေ-သဆုံးခဲ့ကာ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

အဆိုပါဝန်ထမ်းတန်းလျားသည် ကုမ္ပဏီတစ်ခုတည်းမှ ဝန်ထမ်းများကို စုထားထားခြင်းဖြစ်ပြီး မီးဘေးအတွင်း‌ေ-သဆုံးသူအများအပြားသည် အိပ်ပျော်နေချိန်ဖြစ်ပေါ်သည့်မီးလောင်မှုကြောင့် မီးခိုးမွှန်ကာ‌ေ-သဆုံးခဲ့ကြရခြင်းဖြစ်ကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

Ref 1 : ရိုက်တာ
Ref 2 : အင်န်ဒီတီဗွီ


LEAVE A REPLY

Please enter your comment!
Please enter your name here