တရုတ်နိုင်ငံက မြန်မာအတွက် ယွမ် သန်း ၃၃၀ ရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုစင်တာ လွှဲပြောင်းပေး

0
247

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် နိုင်ငံတကာအဆင့်မီ ဇီဝလုံခြုံမှု ဓာတ်ခွဲခန်းများပါသည့် ယွမ် သန်း ၃၃၀ တန်ဖိုးရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုစင်တာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းစီမံကိန်းကို နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကေတအဖြစ် တရုတ်အစိုးရက တရုတ်ယွမ်ငွေ သန်း(၃၃၀) ခန့်ဖြင့် ကူညီတည်ဆောက်ထူထောင်ပေးခြင်းဖြစ်သည်။

ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနတွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများပါဝင်ပြီး ဇီဝလုံခြုံမှု အဆင့်မြင့်မားကာ ကူးစက်ပြန့်ပွားလွယ်သည့် ရောဂါပိုးများကို ဓာတ်ခွဲစမ်းသပ်လေ့လာသည့် ဇီဝလုံခြုံမှုအဆင့်(၃)ရှိသည့် တုပ်ကွေး ရောဂါဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှု အဆင့်(၂)ရှိသည့် ဗိုင်းရပ်စ်ပိုးဓာတ်ခွဲခန်း၊ ဘက်တီးရီးယားပိုးမွှားဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှုအဆင့် (၁) ရှိသည့် အစားအစာ အဏုဇီဝဓာတ်ခွဲခန်း၊ ရောဂါပိုးမွှားကင်းစင်သည့် ဓာတ်ခွဲခန်း စသည့်ဓာတ်ခွဲခန်းများစွာပါဝင်သည်။

ထို့ပြင် ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးဗဟိုဌာန Myanmar CDC သည် ရောဂါထိန်းချုပ်ရေးဗဟိုဌာနအပြင် ပြည်သူ့ကျန်းမာရေးသင်တန်း အဆောက်အအုံပါ ပူးတွဲတည်ဆောက်ထားသည့်အတွက် အရည်အသွေးပြည့်မီသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများ ပို့ချပေးနိုင်မည်ဖြစ်သည့်အတွက် အရည်အသွေးမြင့်မားသည့် မျိုးဆက်သစ်ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလာနိုင်မည် ဖြစ်သည်။

အဆိုပါ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် နစကကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ China CDC မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here