ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်မြန်မာ့ လယ်ယာထွက်ပစ္စည်းတင်ပို့မှုစုစုပေါင်း ၃၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့

0
222

ဇွန် (၁၁) ရက်တွင်မန္တလေးမြို့ (၃၄) လမ်းနှင့် (၇၈) လမ်း ထောင့်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံ အကောက်ခွန်အ ထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ – GACC သို့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာအသိပညာပေးအစီအစဉ်တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့လျက်ရှိသော ပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင် အဖွဲ့-GACC၏ လမ်းညွှန်ချက်နှင့်အညီ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ကြောင်း၊ GACC သို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားရာတွင် အချက်အလက်များမှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန်နှင့် စစ်ဆေးရေးဆောင်ရွက်ရာတွင် လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များ သိရှိနားလည်စေရန် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ (GACC) တို့အကြား အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ် (SPS Protocol) များ လက်မှတ်ရေးထိုးထားရှိမှုမှာ သီးနှံအနေဖြင့်ဆန်၊ ပိုး အိမ်ခြောက်၊ ပြောင်းနှင့်ငှက်ပျောစသည့် Protocol လေးခု၊ မွေးမြူရေးနှင့် သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ပစ္စည်းတင်ပို့ခြင်းနှင့် သက်ဆိုင်သော Protocol နှစ်ခုနှင့် ကျွဲ၊ နွားအရှင်တင်ပို့ရေးနှင့် သက်ဆိုင်သည့် Protocol တစ်ခု စုစုပေါင်းခုနစ်ခုဖြစ်ပြီး ဆက်လက်၍ ပို့ကုန်အလားအလာရှိသော SPS Protocol များ လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here