ကြိုးဝိုင်းအတွင်း လက်ခမောင်း ခတ်သံညံစေရမည်ဟု ဂျပန်ဖိုက်တာနှင့် ထိုးသ-တ်မည့် မိုးထက်အောင် ပရိတ်သတ်အား ကတိပြု

0
173

ယနေ့ ဇွန်(၁၄)ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ONE Friday Fights 67 ပွဲစဉ်၌ ရိုးရာဖိုက်တာ မိုးထက်အောင်နှင့် ဂျပန်ဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ရာ ကြိုးဝိုင်းအတွင်း လက်ခမောင်းခတ်သံ ညံစေရမည်ဟု မိုးထက်အောင်က ပရိတ်သတ်အား ကတိပြုထားခြင်းဖြစ်သည်။

ရိုးရာဖိုက်တာ မိုးထက်အောင်၏ လက်ရှိလေ့ကျင့်ပြင်ဆင်နေမှုအား ၎င်း၏ အုပ်ချုပ်နည်းပြ အဖွဲ့သို့ ဆက်သွယ်မေးမြန်းစဉ် ယင်းသို့ တုန့်ပြန်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ရိုးရာလက်ဝှေ့အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသ ည်။

အဆိုပါ ပွဲစဉ်၌ တွဲဆိုင်း(၁၂)ဆိုင်းပါဝင်ပြီး တွဲဆိုင်း(၅)ဆိုင်းမြောက်တွင် ပြိုင်ဘက်ဖြစ်သူ ဂျပန်နိုင်ငံသားဖိုက်တာနှင့် သုံးမိနစ်ထိုး၊ တစ်မိနစ်နား သုံးချီ စနစ်ဖြင့် ယှဉ်ပြိုင်ထိုးသ -တ်သွားရမည်ဖြစ်သည်။

မိုးထက်အောင်အနေဖြင့် ONE က ပြုလုပ်သည့် One Friday Fight တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသ-တ်ခြင်းဖြစ်ကာ မတ်လ (၂၉)ရက် ညပိုင်းတွင် ကျင်းပသည့် One Friday Fight ပွဲစဉ်တစ်ခုတွင်လည်း ပြိုင်ဖက်ဂျပန်နိုင်ငံသားဖိုက်တာမာရုယာမကို အလဲထိုးအနိုင်ရယူထားသည်။

အဆိုပါ ပွဲစဉ်တွင် ရိုးရာဖိုက်တာ မိုက်ထက်အောင်မှာ အလဲထိုးအနိုင်ယူခဲ့သည့်အတွက် ထိုးကြေးအပြင် ဘောနပ်ဆုကြေး ဘတ်(၃)သိန်းခွဲကိုပါ ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here