လားရှိုး – ကျောက်မဲ လမ်းပိုင်းရှိ စဉ့်အင်ချောင်းကူး ဖောင်န-စ်မြှ-ပ်မှုဖြစ်ပွား လူနာတင်ယာဉ်တစ်စီးနှင့်ခရီးသည်ယာဉ်တစ်စီး န-စ်မြှ-ပ်

0
211

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုး – ကျောက်မဲသွားလမ်းပိုင်းရှိ စဉ့်အင်ချောင်းကူးဖောင်မှာ ယနေ့ ဇွန်(၁၅)ရက် ည နေ(၄)နာရီခွဲအချိန်ခန့်တွင် န-စ်မြှ-ပ်မှုဖြစ်ပွားခဲ့ရာ ဖောင်ပေါ်ပါ ယာဉ်နှစ်စီး န-စ်မြှ-ပ်ပျက်ဆီးခဲ့ရကြောင်း ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယနေ့ ညနေပိုင်းအချိန်တွင် စဉ့်အင်ချောင်းကိုဖြတ်၍ ကျောက်မဲဘက်မှ လားရှိုးဘက်အခြမ်းသို့အကူး ဖောင်နစ်မြှပ်ခဲ့ခြင်းဖြစ်ကာ ဖောင်ပေါ်ပါ လူနာတင်ယာဉ်တစ်စီးနှင့် ခရီးသွားယာဉ်တစ်စီးန-စ်မြှ-ပ်ခဲ့ကြောင်း ဆိုသည်။

“ကမ်းကပ်ခါနီးမှာ ဟိုဘက်ဒီဘက် ဝိတ်မမျှဘဲ စောင်းပြီးန-စ်သွားတာပေါ့။ လူနာတင်ယာဉ်က လားရှိုးအခြေစိုက် ယာဉ်တစ်စီးပါ လူအ‌ေ-သအပျောက်တော့မရှိဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် န-စ်မြှ-ပ်သွားသည့် လူနာ တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်ငယ်တို့အား ပြန်လည်ဆယ်ယူပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

” လားရှိုး-ကျောက်မဲ သွားတဲ့ စဉ်အင်လမ်းပိုင်းကတော့ ဘယ်လိုမှ‌သွားလို့မရတော့ဘူး။ ယာယီတံတားကလည်း ရေစီးကြောင့် မျောသွားပြီ၊ အသစ်ကလည်းဆောက်နေတုန်း။ ဖောင်ကို အားကိုးတာ ဖောင်လည်းန-စ်ပြီဆိုတော့ ဒီလမ်းပိုင်းကနေတော့လုံးဝသွားလို့ မရတော့ပါဘူး”ဟု ဖြည့်စွက်ဆိုသည်။

စဉ့်အင်ချောင်းကူးတံတားသစ်အား သံဘေလီတံတားအဖြစ် ဆောက်လုပ်နေပြီး၊ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ အဆိုပါ တံတားပြီးမှသာ ဒေသတွင်းခရီးသွားလာမှု အဆင်ပြေနိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here