ရခိုင်ပြည်နယ် အုန်းတောချေစစ်ရှောင်စခန်းရှိ ဒေသခံစစ်ရှောင် အိမ်ထောင်စု (၇၈၄)စုအတွက် လောင်စာတောင့်နှင့် မီးဖိုများ ICRC ထောက်ပံ့

0
93

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းတောချေ စစ်ရှောင်စခန်းရှိ ဒေသခံစစ်ရှောင် အိမ်ထောင်စု (၇၈၄)စုအတွက် လောင်စာတောင့်နှင့် မီးဖိုများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC )က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းသည် နေ့စဉ်ကြုံတွေ့ရသည့် ဒေသတွင်းစစ်ရှောင်ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးများနှင့် ကုန်ကျစရိတ်များ လျော့ချနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းဆိုသည်။

“မိုးရာသီမှာ ထင်းကောက်ဖို့ခက်ပါတယ်။ တောထဲနဲ့ ကမ်းခြေတစ်လျှောက်မှာထင်းကောက်ရင်း ကြုံတွေ့နိုင်မယ့်အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ ဒီလောင်စာတွေက အထောက်အကူပြုပါတယ်။” ဟု ဒေသခံစစ်ရှောင်တစ်ဦးက ပြောသည်။

ICRC အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ
နှင့် မေလအတွင်းတို့တွင် စစ်တွေမြို့နယ်ရှိ အုန်းတောချေနှင့် ဆေးသမားကြီး နစစ်‌ရှောင်စခန်းတို့တွင် ခိုလှုံနေသည့်အိမ်ထောင်စုဝင်ပေါင်း (၃,၄၈၄) စုအတွက် လောင်စာတောင့်နှင့်မီးဖိုများထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်လူမှုအသိုက်အဝန်းအများအပြားမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်‌‌ရေးနှင့် ဝင်ငွေရရှိမှုတို့ အပါအဝင် အခက်အခဲပေါင်းများစွာကို ဆက်လက်ရင်ဆိုင်နေရသည်ဟု ICRC ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here