ဂါဇာ၌ အစ္စရေးစစ်သား ရှစ်ဦး‌ေ-သဆုံး၊ လူသန်းချီ ၍ရာဖာကိုစွန့်ပြေးနေ

0
354
Palestinians evacuate with their belongings following an operation by the Israeli Special Forces in the Nuseirat camp, in the central Gaza Strip on June 8, 2024, amid the ongoing conflict between Israel and the Palestinian Hamas militant group. (Photo by Bashar TALEB / AFP)

ဂျေရုဆလင်၊ဇွန် ၁၆

ဂါဇာတောင်ပိုင်း၌ ဇွန်လ ၁၅ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ အစ္စရေးစစ်သား ၈ ဦး ‌ေ-သဆုံးခဲ့ကြောင်းသိရပြီး ၎င်းသည် စစ်ပွဲကာလတစ်လျှောက် ‌ေ-သဆုံးမှုအများဆုံးထဲမှ တစ်ခု ဖြစ်သည်ဟုသိရသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ဘက်စွန်းရှိ ရာဖာမြို့အနီး၌ အစ္စရေးတပ်ဖွဲ့ဝင်များ လမ်းမထက်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်နေစဉ် Namer သံချပ်ကာယာဉ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ စစ်သားများ‌ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

“ယာဉ်နဲ့အတူပါ၀င်သူတွေ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားဖြစ်ခဲ့ပြီး အလေ-ာင်းတွေကို ရှာဖွေဖော်ထုတ်ဖို့တောင် ခက်ခဲစေခဲ့ပါတယ်” ဟုလည်း ၎င်းကဆိုခဲ့သည်။

“ပေါက်ကွဲမှုဖြစ်ရခြင်းမှာ တိုက်ပွဲဧရိယာအတွင်း ထောင်ထားသည့် ဖောက်ခွဲရေးပစ္စည်းပေါက်ကွဲခြင်းကြောင့်သော်လည်းကောင်း၊ တင့်ကားဖျက်ဒုံးကျည်ဖြင့် ပစ်ခတ်ခံရခြင်း ကြောင့်သော်လည်းကောင်း ဖြစ်ပုံရသည်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုပေါက်ကွဲမှုမှ တပ်မတော်သားအင်အားဆုံးရှုံးမှုသည် ဂါဇာကမ်းမြောင်ဒေသ၌ ယမန်နှစ် အောက်တိုဘာ ၂၇ ရက်က အစ္စရေး၏မြေပြင်ထိုးစစ်စတင်ပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ကာ ယခုအထိ စုစုပေါင်း‌ေ-သဆုံးသူ ၃၀၆ ဦးအထိရှိလာခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ယခုဖြစ်စဉ်၌ အသက်ဆုံးရှုံးသွားရသူတပ်မတော်သားများကို ဂုဏ်ပြုစကားဆိုခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းခံစားရကြောင်းလည်းပြောကြားခဲ့သည်။

ဂါဇာ၌ ဟားမတ်စ်စစ်သွေးကြွများကိုလိုက်လံနှိမ်နင်းနိုင်ရန် အစ္စရေးဘက်မှ မြေပြင်စစ်ဆင်ရေးများစတင်ခဲ့ချိန်ကစပြီး လူတစ်သန်းခန့် သည် ရာဖာမြို့မှ စွန့်ခွာ ထွက်ပြေးကာ စစ်ရှောင်နေခဲ့ကြရသည်ဟုလည်း ကုလသမဂ္ဂကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here