ကမ္ဘောဒီးယားဝန်ကြီးချုပ် စင်္ကာပူသွားမည်

0
470

စင်္ကာပူ၊ဇွန် ၁၇

ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်မာနက်သည် စင်္ကာပူနိုင်ငံသို့ ၎င်း၏ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ်ဇွန်လ ၁၈ ရက် အင်္ဂါနေ့တွင်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

ဒေါက်တာ ဟွန်မာနက်ကို စင်္ကာပူ သမ္မတ နန်းတော်တွင် တရားဝင် ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) ၏သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စင်္ကာပူသမ္မတအပါအဝင် ဝန်ကြီးချုပ်လော်ရန့်စ်ဝေါင်းတို့နှင့်တွေ့ဆုံမည်ဖြစ်ပြီး မစ္စတာဝေါင်းသည် ဒေါက်တာဟွန်မာနက်က်ကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်ဟုသိရသည်။

ထို့ပြင် ၎င်း၏ နှစ်ရက်တာခရီးစဉ်အတွင်း ယခင်ဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းနှင့်လည်း ဖုန်းခေါ်ဆို စကား‌ပြောမည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ဝန်ကြီးချုပ် ဟွန်မာနက်သည် ကမ္ဘောဒီးယား-စင်္ကာပူ စီးပွားရေးဖိုရမ်ကို တက်ရောက်ပြီး Nanyang Polytechnic နှင့် Keppel Infrastructure@Changi သို့ သွားရောက်ရန်လည်းစီစဉ်ထားသည်” ဟု MFA ကပြောကြားခဲ့သည်။

မစ္စတာဟွန်မာနက်နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Sok Chenda Sophea၊ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ၊အစိုးရ အကြီးတန်းအရာရှိများနှင့် ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်တများလည်းလိုက်ပါသွားမည်ဖြစ်သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here