စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး တစ်ပိဿာ (၅၃၇၀) သတ်မှတ်

0
257

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၅၃၇ဝ) ကျပ်အဖြစ် ရည်ညွှန်းသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းမှာ ဇွန် (၁၇) ရက်မှ (၂၃) ရက် အထိ ရောင်းချရမည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဖြစ်သည်။

လက်ရှိ ပြင်ပလက်လီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ (၁၂၀၀၀) ကျပ်ဝန်းကျင် ရောင်းဝယ်လျက်ရှိပြီး ဆက်လက်မြင့်တက်နိုင်ချေရှိသေးကြောင်း သိရသည်။

“အခု က ရည်ညွှန်းဈေးတွေ သတ်မှတ်ပြီး Supply control only ဖြစ်နေတော့ Demand ကြောင့် ဈေးတွေက မကျတာပါ။ ဆီထွက်သီးနှံ တိုးစိုက်ပြီး ထုတ်မယ်ဆိုတော့လည်း အခု မြန်မာပြည်မှာစိုက်နေတဲ့ မြေပဲ နဲ့ နှမ်း က export မှာဈေးကောင်းရနေတာ။ အဲ့ဒါတွေကို ကြိတ်ပြီးရောင်းလည်း အရင်းက များတော့ ဈေးက မပေါနိုင်ပါဘူး။ ပြည်တွင်းထုတ် မြေပဲဆီ နဲ့ နှမ်းဆီကို ရည်ညွှန်းဈေး နဲ့ ရောင်းရင် ဆီကြိတ်တဲ့ လူတွေက တောင်သူဆီက ဈေးနှိမ်ဝယ်မှာ။ တောင်သူကြတော့လည်း မြေသြဇာ က imported ဆိုတော့ စိုက်ပျိုးစားရိတ်နဲ့ သူတို့စားဝတ်နေရေးအတွက်ပြည်လည်တဲ့ ဝင်ငွေ မရရင် နောက်စိုက်တော့မှာမဟုတ်ဘူး”ဟု လက်ရှိ ဆီလောက၏ သံသရာကို ဆီလုပ်ငန်းရှင်တစ်ဦးကသူ့အမြင်ကိုပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here