ကော့ကရိတ်မြို့တွင် ည (၇) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထား

0
180

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ည (၇)နာရီမှ နံနက် (၆)နာရီအထိ ညမထွက်ရ အမိန့်ကို ယမန်နေ့ ဇွန်(၁၇)ရက်က စတင် ထုတ်ပြန်ထားကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

အဆိုပါ ညမထွက်ရအမိန့်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရညမထွက်ရ အမိန့် ပုဒ်မ (၁၄၄ ) ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်း အမိန့်သည် သြဂုတ်လ (၂ )ရက်အထိ အကျုံးဝင်ကြောင်း သိရသည်။

ကော့ကရိတ်မြို့အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများက ညမထွက်ရအမိန့်အား လိုက်လံနှိုးဆော်နေပြီး ယင်းနှိုးဆော်မှုတွင် လူစုလူဝေးပြုလုပ်ခြင်းများ မပြုလုပ်ရန်လည်း ပါဝင်သည်ဟု ဆိုသည်။

ဒေသန္တရညမထွက်ရ အမိန့် ပုဒ်မ (၁၄၄ )သည် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မထိခိုက်စေရေးအတွက် ပဋိပက္ခ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာစေနိုင်သည့် စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှာက်ခြင်း၊ လှုံဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသည်။

ထို့ပြင် လူ(၅)ဦး (သို့) (၅)ဦးထက်ပိုသော သူများသည် စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် ကော့ကရိတ်မြို့နယ်အတွင်း၊ အများပြည်သူသွားရာလမ်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ စုဝေးခြင်း ယာဉ်တစ်မျိုးမျိုးကို ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း လှုံ့ဆော်ဆန္ဒပြခြင်းများ မပြုလုပ်ကြရန်လည်း နှိုးဆော်ထားကြောင်း သိရသည်။

ပုံစာ – ကော့ကရိတ်မြို့ ဈေးတစ်နေရာ(CJ)


LEAVE A REPLY

Please enter your comment!
Please enter your name here