ဆရာဝန်များ လုပ်ငန်းခွင်ပြန်ဝင်ရန် တောင်ကိုရီးယားအစိုးရအမိန့်ထုတ်

0
263

ဆိုးလ်၊ဇွန် ၁၈

တောင်ကိုရီးယား၌ ‌အစိုးရက ဆေးကျောင်းဝင်ခွင့်တိုးမြှင့်သတ်မှတ်လိုက်သည်ကို မကျေနပ်သဖြင့် လနှင့်ချီကာ ဆန္ဒထုတ်ဖော်နေကြသည့်ဆရာဝန်များကို လုပ်ငန်းခွင် သို့ ပြန်လည် ဝင် ရောက်ရန် အစိုးရက အမိန့်စာထုတ်ပြီးထပ်မံတိုက်တွန်းလိုက်ကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မှု၌ပါဝင်ရန်အတွက် ပုဂ္ဂလိကဆေးခန်း ၃၆,၀၀၀ ခန့်ပိတ်သိမ်းမည့်အကြောင်းကြားစာသည် ဝင်လာကြောင်း ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့သည်။

အလုပ်ပြန်ဆင်းရန် အမိန့်ကို မလိုက်နာသည့်ဆရာဝန်များကို ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံမည် သို့မဟုတ် အခြားေသာ နည်းလမ်းများ အရေးယူမည်ဟု အစိုးရကသတိပေးခဲ့သည်။

သမ္မတယွန်းကမူ ဆရာဝန်များ၏သပိတ်မှောက်မှုသည် ဝမ်းနည်းစိတ်ပျက်စရာဖြစ်သည်ဟုဆိုပြီးလူနာများကို လျစ်လျူရှုထားသည့် တရားမဝင် လုပ်ရပ်အဖြစ် အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းရန်မှလွဲ၍ ရွေးချယ်စရာမရှိဟုဆိုကာ ဆရာဝန်များ အလုပ်ပြန်ဝင်ပါက အတူတကွလက်တွဲလုပ်ဆောင်ရန်လည်းကမ်းလှမ်းခဲ့သည်။

ကိုရီးယားဆရာဝန်များအသင်းက ယခုဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့ပြီး ဆေးကျောင်းဝင်ခွင့်တိုးမြှင့်လိုက်မှုကို အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ရန်လည်းတောင်းဆိုခဲ့သည်။

“အစိုးရအာဏာပိုင်တွေအနေနဲ့ ဆရာဝန်တွေကို လူ့အသက်ကယ်ပေးတဲ့ကျွမ်းကျင်သူများအဖြစ် လေးလေးစားစားဆက်ဆံသင့်ပါတယ်၊ဆရာဝန်တွေဆိုတာ ကျွန်‌တွေမဟုတ်တာမို့ သူတို့အသံကိုအလေးထားနားထောင်သင့်ပါတယ်” ဟုလည်း ဆရာဝန်များအသင်းဥက္ကဌကပြောကြားခဲ့သည်။

သို့သော် ကောက်ယူရရှိသောစစ်တမ်းများအရ တောင်ကိုရီးယားပြည်သူဆယ်ဦးအနက် ရှစ်ဦးနီးပါးက ဆရာဝန်များ၏ ယခုဆန္ဒထုတ်ဖော်မှုအား ဆန့်ကျင်ခဲ့ကြကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here