အပျော်တမ်း ပြည်တွင်းဘောလုံးကလပ် အသင်း(၅၀)ပါဝင်သည့် အုပ်စု(၁၀)စု၏ ဖူဆယ်ပြိုင်ပွဲ ဇွန် (၂၂)ရက်တွင် စတင်မည်

0
429

အပျော်တမ်း ပြည်တွင်းဘောလုံးကလပ် အသင်းပေါင်း(၅၀) ပါဝင်သည့် အုပ်စု (၁၀)စု၏ MFF Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲကို ဇွန်လ (၂၂) ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအတွက် ဇွန်(၁၇)ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ အုပ်စုခွဲဝေမှုအား မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

ပြိုင်ပွဲတွင် တစ်အုပ်စုလျှင် အသင်း(၅) သင်းဖြင့် အုပ်စု (၁၀)စုကို ဖွဲ့စည်းထားကာ၊ အုပ်စု တစ်ခုချင်းစီ၏ အုပ်စု ပထမနှင့် ဒုတိယ ရရှိသော အသင်းများအနေဖြင့် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည့် အသင်းများအနေဖြင့် MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး ပထမဆု ကျပ်သိန်း (၅၀)၊ ဒုတိယဆု ကျပ်သိန်း (၃၀)၊ တတိယဆု ကျပ်(၁၅) သိန်း ချီးမြှင့်သွားမည် ဖြစ်သည်။

MFF Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲကို Main Sponsor အဖြစ် Max Energy မှ ပံ့ပိုးကူညီပေးခြင်းဖြစ်သည်။

အုပ်စုအလိုက် မဲခွဲမှုကို ဖူဆယ်နှင့် သဲ သောင်ပြင် ကော်မတီ ဒု -ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ MFF ခေတ္တ အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစည်သူဝင်း၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ဖြူဖြူဝင်း၊ ဦးကျော်စိုး၊ ဦးချစ်ထွန်းဝေ၊ ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းသူနှင့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဖူဆယ်နည်းစနစ်ဒါရိုက်တာ Mr. Burnlet Charoenwong တို့က မဲနှိုက်ခွဲဝေပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here