ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၂၉ / ၃) အမျိုးသမီးတစ်ဦး ကားကြိ-တ်ခံရသဖြင့် နေရာတွင်ပင် အသက်ဆုံးရှုံး

0
872

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၂၉ / ၃) အမျိုးသမီးတစ်ဦး ကားကြိ-တ်ခံရသဖြင့် နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့သည် ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်း) မှ သိရသည်။

ယနေ့ နံနက် အစောပိုင်း (၄)နာရီခန့်အချိန်က တန့်ဆည်မြိုနယ်မှ ရန်ကုန်သို့ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသူ အမျိုးသမီးမှာ မိုင်တိုင် (၁၂၉ / ၃) အရောက် ကျန်းမာရေးအရ အပေါ့ပါးသွားရန် ရန်ကုန်အသွားဘက်အခြမ်းမှ မန္တလေးအသွားဘက်အခြမ်းသို့ လမ်းဖြတ်ကူးရာမှ ကားကြိ-တ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

“အပေါ့အပါးသွားပြီး ပြန်အထွက် ကားကြိ-တ်မိတာ မည်သည့် ကားမှန်းမသိ ၂၊ ၃ စီးခန့် ထပ်ထပ်ကြိ-တ်သွားတယ်လို့ သိရ နေရာမှာတင် ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရတာပါ”ဟု အသင်းက ဆိုထားသည်။

အဆိုပါ ကားကြိ-တ်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူအမျိုးသမီးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြိုနယ် သဲစားကျေးရွာမှ ရန်ကုန်သို့ ဆေးလာရောက်ကုသရန် Express ယာဉ်ဖြင့် လိုက်ပါလာသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီး ရုပ်အလေ-ာင်းအား ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်း) မှ သွားရောက်သယ်ဆောင်၍ အုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here