သာကေတ ကျောက်တိုင်မှတ်တိုင်အနီးတွင် ယာဉ်(၃)စီး ဆင့်တို-က်ပြီး အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာများရ

0
284

ယနေ့ ဇွန် (၁၉)ရက်၊ နံနက် (၁၀)နာရီ (၃၅)မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးပေါ် ကျောက် တိုင်မှတ်တိုင်အနီးတွင် ယာဉ် (၃)စီး ဆင့်တို-က်မှုဖြစ်ပွားကြောင်း ရပ်ကွက်နေပြည်သူများ၏ သတင်းပေးချက်အရ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းမှ ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ် (၃)စီး ဆင့်တို-က်မှုမှာ ယာဉ်(၂)စီး ပြိုင်ပြီး မောင်းနှင်လာရာမှ အရှိန်မထိန်းနိုင်ဘဲ တို-က်မိခဲ့ခြင်း ဖြစ်ပြီး အသက်ဆုံးရှုံးသူမှာ လမ်းဘေးတွင် လှည်းနှင့် ပလုံကောက်သူ အမျိုးသမီးဖြစ်ကြောင်း ရပ်ကွက်နေ ဒေသခံတို့ထံမှ သိရသည်။

ယာဉ်တို-က်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော လူနာများအား ရှေးဦးမြေပြင်ကုသမှုပေးပြီး အမျိုးသား လူနာ (၁)ဦးအား အောင်မင်္ဂလာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နှင့် ဒဏ်ရာရ အမျိုးသမီး (၂)ဦးအား ၃/ရန်ပြေလူမှုကူညီရေး အသင်းနှင့် မနောဖြူလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

ထို့နောက် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး၏ ရုပ်အလေ-ာင်းအား သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ နာရေးကူညီမှုယာဉ်ဖြင့် သယ်ဆောင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here