သန်လျင်တံတား အမှတ်(၃)တွင် လမ်းအသုံးပြုခကောက်ခံနေမှု စနစ်ကျစေရေးနှင့် QR Code System တပ်ဆင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေးပြုလုပ်

0
335

ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)ရှိ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခ ကောက်ခံနေမှု စနစ်တကျရှိစေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်း စည်းဝေးတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ဇွန် (၁၈)ရက် နံနက်ပိုင်းက ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ် (၃) ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခ ကောက်ခံနေမှုနှင့် တိုးလ်ဂိတ်၌ ဝန်ထမ်းများ တာဝန်ချထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့မှ ယင်းသန်လျင် တံတားအမှတ် (၃) အနီးရှိ PMU ရုံး၏ အစည်းအဝေးခန်းမ၌ လမ်းအသုံးပြုခ ကောက်ခံနေမှု စနစ်တကျ ရှိစေရေး၊ ငွေကြေးလေလွင့်မှုမရှိ စေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရာတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး၊ တံတားပေါ်တွင် ဆလိုက်မီးများ တပ်ဆင်နိုင်ရေး၊ တံတားပေါ်ဖြတ်သန်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ဗီနိုင်းဖြင့် အသိပေးဆိုင်းဘုတ် တပ်ဆင်ရေးနှင့် ယာဉ်ဖြတ်သန်းခကောက်ခံရရှိငွေများ ပျောက်ဆုံးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန် အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက တံတားကြီးပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ စည်းကမ်းတကျသွားလာနိုင်ရေး၊ တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်ထားရှိမှုများကို အကြံပြုဆွေးနွေးတင်ပြခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက ယာဉ်ဖြတ်သန်းသွားလာမှု အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် တက်ရောက်လာကြသူများက တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကြံပြုဆွေးနွေးတင်ပြကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here