ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၅၀) ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

0
262

နယ်စပ်ဖြတ်ကျော်ကာ ဆက်သွယ်ရေးအွန်လိုင်းလိ-မ်-ည-ာမှု လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသား (၁၅၀) ဦးအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဖမ်းဆီးရမိကာ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသ ည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးအွန်လိုင်းလိ-မ်-ည-ာမှုလုပ်ဆောင်နေသည့် စခန်း (၁၀)ခုကို အာဏာပိုင်များမှ ဝင်ရောက်ဖမ်းဆီးရာမှ နယ်စပ်ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေသူ တရုတ်နိုင်ငံသား (၁၅၀) ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဌာနက ဇွန် (၁၈) ရက်တွင် ပြောသည်။

ဖမ်းဆီးမိသူများအနက် အွန်လိုင်းတရားခံပြေး (၁၄) ဦးပါဝင်ကြောင်းလည်း တရုတ်ပြည်သူ့လုံခြုံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သော ဆက်သွယ်ရေး အွန်လိုင်းလိ-မ်-ည-ာမှု အမြောက်အမြားဖြစ်ပွားနေသည်ကို အခိုင်အမာ ဟန့်တားရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနနှင့်အတူ ပူးပေါင်းမှုများကို ဆက်တိုက်ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ပူးတွဲဆောင်ရွက်ခဲ့ရာ စုစုပေါင်း တရုတ်နိုင်ငံသား တ ရားခံ (၄၉,၀၀၀)ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here