ရှမ်းယူနိုက်တက်အသင်း ချန်ပီယံဆုကိုဆက်လက် သိမ်းပိုက်

0
172

ယနေ့ ဇွန်(၁၉)ရက် ညနေပိုင်းအချိန်တွင် MNL League Cup 2024 ၏ နောက်ဆုံးရာသီပိတ် ဗိုလ်လုပွဲအား ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက (၁)ဂိုးသွင်းယူ၍ ချန်ပီယံဆုကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ သွင်းဂိုးအား ပွဲချိန် ပထမပိုင်း (၃၇) မိနစ်တွင် ရဲရင့်အောင်က သွင်းယူခဲ့ပြီး၊ ပထမပိုင်းပြီးဆုံးခဲ့ပြီး၊ ဒုတိယပိုင်းပွဲချိန်တွင် နှစ်ဖက်အသင်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပြီးဆုံးခဲ့ကြသည်။

ချန်ပီယံ ရှမ်းယူနိုက်တက်အတွက် သွင်းဂိုးရယူပေးခဲ့သည့် ရဲရင့်အောင်သည် ဗိုလ်လုပွဲတက်ရောက်နိုင်ရေး ဆီးမီးဖိုင်နယ်ပွဲစဥ်တွင်လည်း ဒဂုံစတားယူနိုက်တက်အသင်းအား အနိုင်ဂိုးသွင်းယူပေးခဲ့သူ တစ်ဦးဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ် MNL League Cup 2024 ဗိုလ်လုပွဲစဉ်အတွင်း ဘရာဇီးလူမျိုး အိုဆာကာ ဂျေလိဂ်ကလပ်၏ ဝါရင့် တိုက်စစ်မှုး ရင်တာရိုကို အငှားစာချုပ်ချုပ်ဆိုကာ ကျောနံပါတ်(၉)ဖြင့် ဝင်ရောက်ကစားစေခဲ့သည် ။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ် MNL League Cup 2024 ရာသီပိတ် ဘောလုံးပြိုင်ပွဲ ဖြင့်ဆိုလျှင် ချန်ပီယံဆုအား (၅)နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here