ရန်ကုန်တိုင်းဒေသကြီးနှင့် ဟေလုံကျန်း ပြည်နယ်၏တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့

0
232

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ်အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့သို့တွေ့ဆုံစဉ် Mr. Li Shengbin က ရန်ကုန်တိုင်း ဒေသကြီးနှင့် ဟေလုံကျန်း ပြည်နယ်၏တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ စတင်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော်ကြီးဖြစ်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်သည့် ပင်လယ်ဆိပ်ကမ်းမြို့ကြီးလည်းဖြစ်ကြောင်း၊ ဆန်စပါးနှင့် ပဲမျိုးစုံကို အဓိက စိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း စိုက်ပျိုးကြောင်း၊ကုန်သွယ်မှု ပြုလုပ်မည်ဆိုပါက ဆန်နှင့်ပဲအမျိုးမျိုးကို ကုန်သွယ်မှုပြုလုပ်လိုကြောင်း၊ စက်မှုဇုန် (၂၉)ဇုန်ရှိပြီး တရုတ်ပြည်သူသမ္မတနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အထည်ချုပ်လုပ်ငန်းက အများဆုံးဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်ပြီး အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် နေထိုင်ခဲ့ရာ ကိုဗစ်ကာလ၊ မိုခါမုန်တိုင်းကာလနှင့် ပညာရေးကဏ္ဍများအတွက် လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here