စစ်ကိုင်းမြို့ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက်သူများများထဲမှ (၁)ဦးကို အ‌ေ-သဖမ်းမိပြီး လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၃၀၀၀ ကျော် ပြန်လည်သိမ်းဆည်း ရမိ

0
155

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ ကျူးလွန်ရာတွင်ပါဝင်သူတစ်ဦးအား အ‌ေ-သဖမ်းမိခဲ့ပြီး လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၃၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား လက်နက်ကိုင်အမျိုးသား(၄)ဦးက ဆိုင်ကယ် (၂)စီးဖြင့် လာရောက်ကာ လုယက်နေစဉ် မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးကင်းလှည့်နေသည့် ပူးပေါင်းလှည့်ကင်းအဖွဲ့မှ ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖမ်းဆီးခဲ့ရာ ကျူးလွန်ရာတွင် ပါဝင်သည့် အမျိုးသားတစ်ဦးကို အ‌ေ-သဖမ်းဆီးရမိပြီး ငွေကျပ်သိန်း (၃၀၃၁) သိန်းနှင့်အတူ လက်ကိုင်ဖုန်း(၂) လုံး၊ လုယက်ရာတွင် အသုံးပြုသည့် ပစ္စတိုတစ်လက်၊ ၉ မမ ကျည် ကိုးတောင့်၊ စိစစ်ဆဲ ဗုံးသီး တစ်လုံး၊ ဆိုင်ကယ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစက သတင်းထုတ်ပြ‌န်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ဆေးချက်အရ ဝင်ရောက်လုယက်သူများသည် ပေါင်းလှရွာအခြေပြု ၊ စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ) ခိုင်ဇော်လင်းဦးဆောင်သော အဖွဲ့ဖြစ်ကာ အ‌ေ-သပစ်ခတ်ဖမ်းဆီးရမိသူသည် အဆိုပါ အဖွဲ့မှ ကိုနောင်ဆိုသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်သည့် ဖမ်းဆီးရန်ကျန်ရှိသည့် လွတ်မြောက်တရားခံများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here