ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေး ကြပ်မတ်နေဟုဆို

0
84

ဈေးကွက်အတွင်း ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်ပေးနေကြောင်း ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ဇွန်လ (၁၉) ရက်တွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ပစ္စည်းများအတွက် နိုင်ငံခြားငွေရရှိရေးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ (FESC) က စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေ အမှန်တကယ် အသုံးပြုရန်လိုအပ်သူများအတွက် ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ပြည်တွင်းရွှေဈေးသည် မတ်လအတွင်း ကျပ် (၄၁) သိန်းကျော်သာရှိရာမှ ဧပြီလတွင် ကျပ် (၄၅) သိန်းကျော်သို့ မြင့်တက်ခဲ့ပြီး မေလအလယ်မှစတင်ကာ ကျပ်သိန်း (၅၀) ကျော်သို့ စံချိန်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ငွေလဲနှုန်းသည်လည်း ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် (၄၈၀၀) ကျပ်ဝန်းကျင်အထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် သက်ဆိုင်ရာဌာနအဖွဲ့အ စည်းများမှစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကာ ငွေလဲနှုန်းများကျဆင်းခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရွှေဈေးနှုင့် ဒေါ်လာဈေးများ အဆမတန်မြင့်တက်ခဲ့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက လူပုဂ္ဂိုလ်အချို့ကို ဖမ်းဆီးစစ်ဆေးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းများ ဆောင်ရွက်ရာ ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများ အနည်းငယ်ပြန်လည်ကျဆင်းလာသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here