ရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်နိုင်ရေးအတွက်ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး စီမံကိန်းဆောင်ရွက်

0
101

ရေအားလျှပ်စစ်ယူနစ် (၉၁၉) သန်း ထုတ်လုပ်နိုင်ရေးအတွက် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။

ဇွန်လ (၁၉)ရက်တွင် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး တပ်ဆင်နေမှု ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydra-ulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက စီမံကိန်းအဆင့် လိုက်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု၊သတ်မှတ် ကာလအတွင်း လုပ်ငန်းပြီးမြောက်စေရန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တမံနှင့် ရေပိုလွှဲကို စောင့်ကြည့်ထိန်းချုပ်ခြင်းကို နေပြည် တော်ရုံးချုပ်မှ တိုက်ရိုက်ဆောင်ရွက်နိုင်ရန်နှင့် တမံတွင် အလှည့်ကျတာဝန်ချထားဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hy-draulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအ တွင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ပြီးစီးရေး၊ တမံအတွင်း ရေသိုလှောင်မှုနှင့် ရေအားလျှပ်စစ်ထုတ်ယူခြင်း လုပ်ငန်းအချိတ်အဆက် မိမိဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏ ညှိနှိုင်း အဆိုပြုချက်အရ နှစ်စဉ်ရေအားလျှပ်စစ်ယူနစ် (၉၁၁) သန်း ထုတ်လုပ်လျက်ရှိသည့် ပေါင်းလောင်းတမံ၏ ရေပိုလွှဲတွင် အလျား ၁၄ဝ ဒသမ ၅ မီတာ၊ ၁ ဒသမ ၅ မီတာအမြင့် ဟိုက်ဒရောလစ်ရေမြှင့်ရေ တံခါး Hydraulic Elevator Dam (HED) တပ်ဆင်ပြီး မူလကန်ရေပြည့်ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေမှ သိန်းဧကပေ ၅ ဒသမ ၇၀ အထိ ရေလှောင်ပမာဏ ဧကပေ ၂၁၀၀၀ခန့် ပိုမိုသိုလှောင်၍ နှစ်စဉ်ယူနစ်ရှစ်သန်း ပိုမိုထုတ် လုပ်ကာ စုစုပေါင်း ရေအားလျှပ်စစ်ယူနစ် (၉၁၉)သန်း ထုတ်လုပ်နိုင်ရေးအတွက် ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းအားလုံးပြီးစီးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here