ယူကရိန်းအရေးတွင် ဗီယက်နမ်ရဲ့ ရပ်တည်ချက်အပေါ် ပူတင် ချီးကျူး

0
79

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံရဲ့ မျှတသော ရပ်တည်ချက်ကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဗီယက်နမ်ကွန်မြူနစ်ပါတီ သတင်းစာက ဖော်ပြခဲ့တဲ့ သဘောထားအမြင်အပိုင်းမှာ ငွေပေးချေမှု၊ စွမ်းအင်နဲ့ ကုန်သွယ်မှုကဏ္ဍတွေ တိုးတက်ခဲ့မှုကိုလည်း အသိအမှတ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်ခရီးစဉ်နဲ့ ပတ်သက်လို့ ပူတင်အတွက် သဘောထားအမြင်ကဏ္ဍမှာ ယူကရိန်း အကျပ်အတည်းမှာ လက်တွေ့ကျသော နည်းလမ်းအားဖြင့် ဖြေရှင်းရန် ပံ့ပိုးပေးတဲ့အတွက် ကွန်မြူနစ်အုပ်ချုပ် အရှေ့တောင်အာရှနိုင်ငံကို ပူတင်က ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ Nhan Dan သတင်းစာကဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ကြားနေနိုင်ငံခြားရေးမူဝါဒကို တရားဝင် ကျင့်သုံးနေတဲ့ ဗီယက်နမ်ဟာ ယူကရိန်းနိုင်ငံအပေါ် ရုရှားက တိုက်ခိုက်ခဲ့ခြင်းအား ရှုတ်ချမှုမလုပ်ခဲ့ပါဘူး။ ဒီရပ်တည်ချက်အနေအထားကြောင့် အနောက်နိုင်ငံတွေအတွက် ကရင်မလင်နဲ့ နီးစပ်လွန်းတယ်ဆိုတဲ့ အယူအဆ ဖြစ်ပေါ်စေခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ သမ္မတ ကင်ဂျုံအန်နဲ့ ရှားရှားပါးပါး တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယားခရီးစဉ်အပြီး ဗုဒ္ဓဟူးနေ့မှာ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ အပစ်ပယ်ခံအဖြစ် သတ်မှတ်ခံထားရတဲ့ ပူတင်ဟာ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးဆက်ဆံမှုကို တိုးမြှင့်ရန်ကြိုးစားနေပြီး အနောက်နိုင်ငံတွေရဲ့ အထီးကျန်စေမှုဟာ အလုပ်မဖြစ်ဘူးဆိုတာကို ပြသနေပါတယ်။ 
            
ဗီယက်နမ်ဟာ အမေရိကန်၊ တရုတ်၊ ရုရှားခေါင်းဆောင်တွေကို အောင်မြင်စွာ လက်ခံတွေ့ဆုံနိုင်တဲ့ နိုင်ငံအနည်းငယ်မှာ ပါဝင်ခဲ့ပါတယ်။

သမ္မတပူတင်ဟာဗီယက်နမ်နိုင်ငံသို့ ၂၀၀၁ ၊ ၂၀၀၆၊ ၂၀၁၃ နှင့် ၂၀၁၇ တို့တုန်းကလည်း သွားရောက်ခဲ့ပြီး ဒီခရီးစဉ်ဟာ ၅ ကြိမ်မြောက်ခရီးစဉ်ဖြစ်ပါတယ်။

ခရီးစဉ်က ဇွန်လ ၁၉ ရက် နှင့် ၂၀ ရက်နေ့ ဖြစ်ပြီး ပူတင်အနေဖြင့် ဗီယက်နမ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် လေးဦးဖြစ်သော ဗီယက်နမ်နိုင်ငံသမ္မတ ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ၊ ဝန်ကြီးချုပ် နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ တို့နဲ့ပါတွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ယခုနှစ်ဟာ ရုရှား-ဗီယက်နမ် အကြား ချစ်ကြည်ရေးဆိုင်ရာ အခြေခံသဘောတူစာချုပ် လတ်မှတ်ရေးထိုးခြင်း နှစ် ၃၀ ပြည့်တဲ့နှစ်လည်းဖြစ်နေပြန်ပါတယ်။

Ref: mtv,CNN


LEAVE A REPLY

Please enter your comment!
Please enter your name here