အုတ်တွင်းမြို့တွင်း၌ အလှူခံအဖွဲ့ဟုဆိုကာ အယောင်ဆောင် အလှူခံနေသည့် အဖွဲ့ကို သာ/ထိန်းအဖွဲ့မှ စစ်ဆေးကာ နှင်ထုတ်

0
68

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့တွင် အလှူခံအဖွဲ့ဟုဆိုကာ အယောင်ဆောင် အလှူခံနေသည့် အဖွဲ့ကို မြို့နယ်သာ/ထိန်းအဖွဲ့မှ စစ်ဆေးကာ နှင်ထုတ်လိုက်ကြောင်း ရင်ခုန်သံ ရှင်ရေးလူမှုကူညီရေးအသင်း(အုတ်တွင်း)မှ သိရသည်။

ဖြစ်စဉ်မှာ အုတ်တွင်းမြို့ရှိ ဈေးလမ်းနှင့် ကျောင်းရှစ်ဆယ်လမ်းထိပ်တွင် ဇွန်(၁၈) ရက်က အလှူခံအဖွဲ့ဟုဆိုကာ အယောင်ဆောင် အလှူခံနေသူများကို မြို့နယ်သာထိန်းအဖွဲ့မှ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အယောင်ဆောင် အလှူခံအဖွဲ့မှာ သုံးဘီးဆိုင်ကယ်များ အသုံးပြု၍ တောင်ငူမြို့ရှိ ကျောင်းတိုက်ကြီးများမှ လာရောက် အလှူခံခြင်းဖြစ်ကြောင်း ပြောဆိုအလှူခံခြင်းဖြစ်ပြီး ၎င်းအဖွဲ့များမှ ပါရှိသည့် စာရွက်စာတမ်းများမှာ သက်ဆိုင်ရာ အုတ်တွင်းမြို့နယ် ရပ်/ကျေး (သို့)မြို့နယ်သံဃနာယက၏ ထပ်ဆင့်ထောက်ခံစာ မပါရှိကြောင်း အသင်း၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ အယောင်ဆောင် အလှူခံအဖွဲ့များကို ယခုတစ်ကြိမ်တွင် နှင်ထုတ်ရုံသာ ပြုလုပ်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံကျူးလွန်မည်ဆိုပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here