အမေရိကန်၏ နျူကလီးယားလက်နက်များ ဥရောပမှ ဖယ်ရှားရန် ရုရှားတောင်းဆို

0
147

အမေရိကန်အနေဖြင့် ဥရောပတွင် ဖြန့်ကျက်တပ်ဆင်ထားသော သူ၏နျူကလီးယားလက်နက်များအားလုံးကို ရုတ်သိမ်းရန်နှင့် ၎င်း တပ်ဖြန့်ထားသော စစ်ဖက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ဖယ်ရှားရန် ရုရှားက တောင်းဆိုခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“နေတိုးအဖွဲ့ဝင်နိုင်ငံများဆီသို့ ပူးတွဲနျူကလီးယားမစ်ရှင်များအတွက် ခွဲဝေပေးထားသည့် အမေရိကန်လက်နက်များ၏ တိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှုအခြေအနေ မည်သို့ပင်ရှိစေကာမူ၊ ဥရောပနိုင်ငံများအတွင်း ယခုကဲ့သို့ အလွန်အမင်း မတည်မငြိမ်ဖြစ်စေသော ဆောင်ရွက်မှုသည် ဥရောပတိုက်ကြီး၏ လုံခြုံရေးအတွက် အဆိုးရွားဆုံးပြဿနာဖြစ်နေဆဲပင်” ဟု မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ တောင်းဆိုချက်တွေပြောင်းလဲမှာမဟုတ်ဘဲ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေအားလုံးကို ဥရောပကနေ ရုပ်သိမ်းပေးရေးအပြင် အဲဒီနေရာတွေမှာ ဖြန့်ကျက်ထားတဲ့ အခြေခံအဆောက်အအုံတွေကို ဖယ်ရှားရေးလည်း ပါဝင်ပါတယ်” ဟု သူမက အလေးပေးပြောကြားခဲ့သည်။

အဆိုပါ မစ်ရှင်များသည် ဥရောပတွင် အမေရိကန်၏ လက်နက်များ ဖြန့်ကျက်ထားမှုအပေါ် အခြေခံ၍ အမေရိကန်နိုင်ငံ၏ ပိုင်နက်နှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသော ရုရှားပိုင်နက်အတွင်းရှိ စစ်ဆင်ရေးများအထိ လက်လှမ်းမီရောက်ရှိနိုင်ကြောင်း မာရီယာ ဇာခါရိုဗာကပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ဥရောပမဟာမိတ်များသည် ၎င်းတို့၏နျူကလီးယားလက်နက်များကို လက်ရှိအချိန်တွင် အဆင့်မြှင့်တင်မှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က အစောပိုင်းကပင်လျှင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here