MNL League Cup 2024 ချန်ပီယံဖြစ်ခဲ့သည့် အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေ သိန်း (၃၅၀)ချီးမြှင့်

0
184

MNL League Cup 2024 ပြည်တွင်းကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ပိုင်ဆိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေ သိန်း(၃၅၀) ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆု‌ချီးမြှင့်မှုကို အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်းဒုဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ တိုင်းဒေသကြီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ယမန်နေ့ ဇွန်(၁၉)ရက် ဗိုလ်လုပွဲစဉ်အပြီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပွဲစဉ်တလျှောက် သွင်းဂိုး(၉) ဂိုးဖြင့် ဂိုးသွင်းအများဆုံးသွင်းယူနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်တိုက်စစ်မှူး ကျော်ကိုကိုအား ကျပ် (၁၀) သိန်းနှင့် အမှတ်တရ ဆုတံဆိပ်များပေးအပ်ခဲ့သည့်အပြင် ဒုတိယရရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းအား တစ်ဦးချင်းငွေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ်သိန်း (၂၀၀)အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုတွင်းနှင့် ဆီးမီးဖိုင်နယ်တွင် ရှုံးပွဲမရှိ မှတ်တမ်း ပိုင်ဆိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်နှင့် ဗိုလ်လုပွဲတွင် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ကော်မတီအနေဖြင့် ယခုနှစ်ရာသီမှ စတင်ကာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့မှ သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ပြောင်းလဲကျင်းပသွားမည်ဖြစ်သောကြောင့် ကြားကာလအတွင်း ပြိုင်ပွဲဝင်အသင်းများ လိဂ်ပြိုင်ပွဲအကြို ပြင်ဆင်မှု ပြုလုပ်နိုင်စေရန်အတွက် ကစားသမားများ ပြိုင်ပွဲပြတ်လပ်မှုမရှိစေရန် MNL League Cup ပြိုင်ပွဲကို ပြိုင်ပွဲသစ်တစ်ခုအနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here