ဆော်ဒီမှာ အိန္ဒိယနိုင်ငံသား ဟာ့ဂျ်ဘုရားဖူး ၆၈ ဦး ‌ေ-သဆုံးခဲ့တာကြောင့် ယခုနှစ် ဘုရားဖူးကာလအတွင်း ‌ေ-သဆုံးသူ ၉၀၀ ကျော်လာ

0
779
Muslim pilgrims perform the farewell circumambulation or "tawaf", circling seven times around the Kaaba, Islam's holiest shrine, at the Grand Mosque in the holy city of Mecca on June 18, 2024 at the end of the annual hajj pilgrimage. (Photo by AFP)

အပူချိန် မြင့်မားလှတဲ့ ယခုနှစ်ရဲ့ ဟာ့ဂျ်ဘုရားဖူးကာလအတွင်း အိန္ဒိယနိုင်ငံသား ၆၈ ဦး ‌ေ-သဆုံးခဲ့တယ်လို့ ဆော်ဒီအာရေဗျရှိ သံတမန်တစ်ဦးက ဗုဒ္ဓဟူးနေ့(ဇွန် ၁၉) မှာ ပြောဆိုခဲ့ပါတယ်။

အပူရှိန်ပြင်းတဲ့ကာလမှာ ကျင်းပပြုလုပ်တဲ့ နှစ်စဉ်ဘာသာရေးပွဲတော်ကာလအတွင်း ‌ေ-သဆုံးသူဦးရေ ၉၀၀ ကျော်လာခဲ့ကြောင်း သိရပြီး ပျောက်ဆုံးလျက်ရှိနေတဲ့ ဟာ့ဂျ်ဘုရားဖူးတွေကိုလည်း မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက ဗုဒ္ဓဟူးနေ့မှာ ရှာဖွေမှုတွေလုပ်ခဲ့ကြပါတယ်။

‌ေ-သဆုံးသူ ၆၈ ဦးခန့်ရှိတယ်လို့ မိမိတို့ အတည်ပြုနိုင်ပြီး အချို့ဟာ သဘာဝအကြောင်းရင်းတွေကြောင့် ‌ေ-သဆုံးရတာဖြစ်ကြောင်း၊ သက်ကြီးရွယ်အို ဘုရားဖူးများစွာ ပါဝင်နေပြီး ရာသီဥတုအခြေအနေတွေကြောင့် တစ်ချို့ ‌ေ-သဆုံးခဲ့ရတာဖြစ်တယ်လို့ မိမိတို့ ယူဆထားကြောင်း အမည်မဖော်လိုတဲ့ ယင်းသံတမန်က AFP သတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ မက္ကာမြို့မှာ တနင်္လာနေ့က အပူချိန် ၅၁.၈ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့တာကြောင့် ဆိုးဝါးတဲ့အခြေအနေတွေဖြစ်ပေါ်လာမှာကို စိုးရိမ်ကြတဲ့ ဆွေမျိုးသားချင်းတွေဟာ ဆေးရုံတွေကို လှည့်လည်သွားရောက်ကြည့်ရှု့ကြသလို အွန်လိုင်းပေါ်ကနေလည်း ပျောက်ဆုံးနေသူတွေအတွက် သတင်းပေးကြဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။

သက်ကြီးရွယ်အိုပိုင်းနဲ့ မကျန်းမမာသူတွေ များစွာပါဝင်သော ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁.၈ သန်းလောက်ဟာ ယခုနှစ်မှာ မုန့်ဖုတ်ဖိုတစ်ခုလို ပူပြင်းလှတဲ့ ဆော်ဒီနွေရာသီအတွင်း ကျင်းပသော ရက်ရှည် အမိုးအကာမဲ့ ဘုရားဖူးဝတ်ပြု အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲနေခဲ့ကြပါတယ်။

အရင်ရက်က ‌ေ-သဆုံးသူ ၃၀၀ ကျော်ရှိထားတဲ့ အီဂျစ်နိုင်ငံသားတွေရဲ့ ‌ေ-သဆုံးမှုဟာ ၆၀၀ လောက်အထိ ခုန်တက်သွားခဲ့ကြောင်းနဲ့ အများစုဟာ မခံမရပ်နိုင်လောက်အောင် ပူလှတဲ့ အပူဒဏ်ကြောင့်ဖြစ်တယ်လို့ အာရပ်သံတမန်တစ်ဦးက ပြောဆိုပါတယ်။

နိုင်ငံအသီးသီးမှ ထုတ်ပြန်ထားတဲ့ ‌ေ-သဆုံးစာရင်းတွေကို AFP က စာရင်းပြုတွက်ချက်ခဲ့မှုအရ စုစုပေါင်း ‌ေ-သဆုံးသူဦးရေဟာ ၉၂၂ ဦးအထိ ရှိနေခဲ့ပြီလို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံသားတွေ ‌ေ-သဆုံးမှု အများဆုံးဖြစ်ပြီး ဂျော်ဒန်၊ အင်ဒိုနီးရှား၊ အီရန်၊ ဆီနီဂေါ၊ တူနီးရှားနဲ့ အီရတ်နိုင်ငံသားတွေလည်း ‌ေ-သဆုံးမှုရှိနေကြောင်းနဲ့ ‌ေ-သဆုံးရသူ အများစုရဲ့ အကြောင်းရင်းတွေကို အာဏာပိုင်တွေက မဖော်ပြခဲ့ဘူးလို့ သိရပါတယ်။

Ref: Deccan Chronicle


LEAVE A REPLY

Please enter your comment!
Please enter your name here