မော်လမြိုင်တွင် တိုင်းရင်းသားယဉ်ကျေးမှုစင်တာ တည်ဆောက်နေ

0
137

‌မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တိုင်းရင်းသား ယဉ်ကျေးမှုစင်တာတည်ဆောက်နေပြီး၊ ယင်းစင်တာအတွင်း တိုင်းရင်းသားလူမျိုး(၄)မျိုးဖြစ်သည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတို့၏ ရိုးရာနေအိမ်များကို ထည့်သွင်းဆောင်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်များကို မပျောက်မပျက်ထိန်းသိမ်း‌စောင့်ရှောက်ရန်နှင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးကို တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တိုင်းရင်းသားယဉ်ကျေးမှု စင်တာကို တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်တာအတွင်း တိုင်းရင်းသားလူမျိုး (၄)မျိုး၏ ရိုရာနေအိမ်အဆောက်အဦးများ ဆောက်လုပ်မှုအတွက် ယမန်နေ့ ဇွန်(၁၉)ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမအတွင်း ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှူအဖွဲ့ဝင်များနှင့် UHM ကုမ္ပဏီတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရိုးရာနေအိမ် လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် landmark သင်္ကေတများ ၊ ယဉ်ကျေးမှုအမွေအနှစ်များဖော်ဆောင်ရန်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here