အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တရသမ အစည်းအဝေး ကျင်းပမည်

0
245

အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမအစည်းအဝေးကို ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၀) ရက်၊ (၁၁) ရက်၊ (၁၂) ရက်၊ (၁၃) ရက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁)ရက်မှ (၄) ရက်အထိ အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၄) ရက်၊ ဝါဆိုလဆန်း (၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၅)၊ (၆) ရက် တို့တွင် သတ္တရသမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအနေဖြင့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၉) ရက် ၂၀၂၄ ခုနှစ်၊ ဇွန် (၃၀) ရက်၊ တနင်္ဂနွေနေ့ အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

ထို့ပြင် ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါ နေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်ကြောင်း သာသနာရေးဦးစီးဌာနမှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here