အိန္ဒိယမှာ အရက်အဆိပ်သင့်မှုကြောင့် လူ ၃၆ ဦး‌ေ-သဆုံးကာ ၆၀ ကျော် ဆေးရုံတင်ထားရ

0
382

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ အဆိပ်သင့်အရက်တွေ သောက်သုံးမိတာကြောင့် လူ ၃၆ ဦးထက်မနည်း ‌ေ-သဆုံးကာ ၆၀ ကျော် ဆေးရုံတင်ထားရတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန် ၂၀ ရက်မှာ ပြောဆိုပါတယ်။

ပြည်နယ်မြို့တော် ချန်နိုင်းကနေ မိုင် ၁၅၀ လောက်ဝေးတဲ့ ကာလာကူရီချီခရိုင်မှာ ဗုဒ္ဓဟူးနေ့ကစလို့ အော့အန်တာ၊ ဗိုက်နာတာနဲ့ ဝမ်းပျက်ဝမ်းလျှော ဝေဒနာတွေ ခံစားခဲ့ရသူ ၁၀၀ ကျော်ရှိခဲ့ပြီး ဆေးရုံတက်ရမယ့် အခြေအနေတွေဖြစ်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေရှိသူ အရေအတွက်က အပြောင်းအလဲတွေရှိနေပြီး ‌ေ-သဆုံးဦးရေ တိုးလာနိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။

အနီးဝန်းကျင် ဒေသတွေက ဆေးရုံကားတွေ၊ ဆရာဝန်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို အခင်းဖြစ်ခရိုင်သို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။     
    
အော့အန်ပြီး ဗိုက်နာတဲ့ လူနာအများအပြားကို ဆေးရုံတင်ထားရကြောင်း အစိုးရတာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောဆိုခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။

ဒီပြစ်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးထားကြောင်းနဲ့ တားဆီးဖို့ ပျက်ကွက်တဲ့ တာဝန်ရှိသူတွေကိုလည်း အရေးယူထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် အမ်ကေ စတာလင်က နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ မီသနောပါဝင်တဲ့ အရက်ပုန်းတွေ သောက်သုံးမှုကြောင့် အခုလို ‌ေ-သဆုံးမှုတွေဖြစ်ရတာလို့လည်း သူက ပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ တရားမဝင် အရက်ပုန်းသောက်မှုတွေကြောင့် ‌ေ-သဆုံးရတဲ့ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ ဆင်းရဲချို့တဲ့သူတွေဟာ အစိုးရက ဖွင့်လှစ်တဲ့ အရက်ဆိုင်တွေက လိုင်စင်ရ တန်ဖိုးကြီးအရက်တွေကို လက်လှမ်းမမီကြဘူးလို့ ဆိုပါတယ်။

Ref: Market Screener


LEAVE A REPLY

Please enter your comment!
Please enter your name here